27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း

430 69 8
                                    

❗ဒီအပိုင်းမှာ အသက်မပြည့်သေးတဲ့ကလေးတွေအတွက် ဖတ်ဖို့အဆင်မပြေတဲ့ အပိုင်းလေးအနည်းငယ်ပါတာကြောင့် အသက်မပြည့်သေးရင် ကျော်သွားကြဖို့ သတိပေးချင်ပါတယ်ရှင် "❗

ဆောနူး စာအုပ်ကိုပစ်ချပြီး ဟွန်းမျက်နှာကိုလည်းမကြည့်ရဲဘဲ စာကြည့်ခန်းထဲကထွက်လာပြီး အိပ်ခန်းထဲသို့အလျှင်အမြန်ဝင်လာခဲ့မိသည်။
မျက်နှာမှာ အဝတ်စည်းထား၍သာတော်တော့သည်။ မဟုတ်လျှင် ဟွန်းရှေ့မှာ မျက်နှာကိုဘယ်လိုထားရမည်မှန်းမသိချေ။

ဆောနူးအခန်းထဲရောက်တာနဲ့ အခန်းမီးကိုငြှိမ်းကာ အိပ်ယာထဲဝင်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
သိပ်မကြာခင်မှာပင် အခန်းထဲဝင်လာတဲ့ဟွန်းရဲ့ခြေသံကိုကြားလိုက်ရသည်။

" ဆောန် အိပ်သွားပြီလား အထင်မလွဲပါနဲ့ အဲဒါက ပတ်ဂျုံဆောင်းက မင်္ဂလာလက်ဖွဲ့ဆိုပြီး ထန်နိုင်ငံကနေတကူးတကဝယ်လာပေးတာဆိုတော့ ကိုယ်လည်းလွှင့်ပစ်ရမှာ အားနာလို့ အမှတ်တမဲ့ စာအုပ်စင်ထဲထည့်ထားလိုက်မိတာ။"

အိပ်မပျော်သေးတာသိသွားမှာစိုးလို့ဆောနူးအသက်ပင်ရဲရဲမရှူရဲဘဲ ငြိမ်နေလိုက်တာ ခန္ဓာကိုယ်တွေတောင်ညောင်းလာသည်အထိပင်။

သူ ဟွန်းကိုချစ်နေခဲ့တာအမှန်ဆိုပေမယ့် ဟိုစာအုပ်ထဲကလို ဟွန်းနဲ့သူအတူရှိနေကြမည့်အခြေအနေကို တစ်ခါမှ စိတ်ကူးယဥ်မကြည့်ရဲခဲ့ပါ။

အဆုံးစွန်သောအခြေအနေမျိုးမှာတောင် သူ့ရဲ့စိတ်ကူးထဲမှာ ဟွန်းရဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့အနမ်းတွေအထိလောက်သာ ရင်ခုန်ဖူးသည်။

သူက ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့် ဟွန်းနဲ့သူက အဲလိုအခြေအနေမျိုး ဖြစ်လာလျှင် တကယ်ပဲ အဆင်ပြေပါ့မလား။

ဟွန်းကရောသူနဲ့ အဲလိုအခြေအနေမျိုး ရှိချင်ပါ့မလား။အရင်နေ့ညကတောင် ဟွန်းကသူ့ကိုအခန်းထဲမှ နှင်ထုတ်ခဲ့သေးတာပင်။

စာအုပ်ကိုမကြည့်လိုက်လျှင်သူ့စိတ်က ဖြူဖြူစင်စင်လေးရှိနေမှာပေမယ့် စာအုပ်ကိုကြည့်လိုက်မိပြိးတဲ့နောက်မှာတော့ စာအုပ်ထဲက ရုပ်ပုံတွေကိုမျက်စိထဲမှ ထုတ်၍မရတော့ဘဲ ထူးဆန်းသောခံစားချက်တို့က ရင်ထဲတလှပ်လှပ်ရှိနေသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now