40.ပွဲဦးထွက်အနိုင်ပွဲ

312 64 6
                                    

ဘဲ့ဒူတောင်တိုက်ပွဲကား စတင်ချေပြီ။

တိုက်ပွဲအတွေ့အကြုံမရှိသောစာသင်သားများနှင့်ပြည်သူများကို နောက်တန်းတွေသာနေကာ ကူညီစေပြီး ဟွန်းနှင့်ဂျိုဝီတပ်များက ရှေ့တန်းမှ ကာပြီး တိုက်ကြသည်။

ဟွန်းဘက်မှာ အသက်မွေးဝမ်းကြောင်းအစုံ၊ လူတန်းစားအလွှာအမျိုးစုံမှလူများပါဝင်တာကြောင့် ကိုယ်ကျွမ်းကျင်ရာ သက်ဆိုင်ရာနယ်ပယ်များမှာ တာဝန်ယူလုပ်ဆောင်ကြသည်။

ဆေးပညာတတ်ကျွမ်းသူ ၁၀ဦးခန့်ပါလာသည်ဖြစ်ရာ ထိုသူများကို ဆောနူးကဦးဆောင်ပြီး ဒဏ်ရာရလာမည့်သူများအတွက် အရေးပေါ် ကုသပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရသည်။

စစ်ပွဲဖြစ်တာကြောင့် အကောင်းမြင်စိတ်နဲ့ ကောင်းသောအရာတွေကိုချည်းပဲ မျှော်လင့်ထားလို့မရပေ။
အဆိုးဆုံးအခြေအနေအတွက်လည်းကြိုတင်ပြင်ဆင်ထားရပေမည်။

သေစေနိုင်သောလက်နက်များဖြင့်အသည်းအသန်တိုက်ပွဲဝင်ကြမည့်သူတွေမို့ ဒဏ်ရာကတော့အနည်းနဲ့အများရကြမှာ အသေအချာပင်။
အထိအခိုက်နည်းဖို့သာဆုတောင်းရမည်။

ဂျိုဝီအခြေစိုက်စခန်းဖြစ်သော ဘဲ့ဒူတောင်မှာဖြစ်တဲ့တိုက်ပွဲမို့ ရေမြေအနေအထားကျွမ်းကျင်သော ဟွန်းရဲ့ ဂျိုဝီတပ်များဘက်မှ အရေးသာလေသည်။

ထန်နိုင်ငံကိုတိုက်ခိုက်ဖို့ စစ်သည်ထုတ်ပေးရန်တွန့်ဆုတ်နေကြသော ဘုရင်နဲ့မျိုးနွယ်စုခေါင်းဆောင်များက
ဂိုဂူလျောသားအချင်းချင်းတိုက်ခိုက်ကြသည့် စစ်ပွဲမှာတော့ အဆမတန်များပြားသောစစ်အင်အားကိုအသုံးပြုထားတာကြောင့် စက်ဆုပ်စရာကောင်းသောစိတ်ထားကိုအတိုင်းသားမြင်သာနေသည်။

ထိုအခြေအနေကို ဂိုဂူလျောပြည်သားများအားလုံးလည်း မျက်မြင်တွေ့ရှိသွားကြသည်ဖြစ်ရာ တစ်နိုင်ငံလုံး ဘုရင်ကိုအသည်းခိုက်အောင်မုန်းတီးကြတော့သည်။

" မီးလောက်လွှဲတွေအဆင်သင့်ပြင်ထား ရှေ့ပြေးမြားတပ်ဆုတ်လာတာနဲ့   တစ်ခါတည်းပစ်ချမယ် "

ဓားချင်းခုတ်သံ ကျောက်တုံးများပစ်ချသံ ဒဏ်ရာရသူတို့၏ဆူညံအော်ဟစ်သံများဖြင့် မျက်စိရှေ့ကမြင်ကွင်းက အနိဌာရုံအတိ။

Majestic Love Story In Dae Goguyeo Where stories live. Discover now