36.တာဝန်သိစိတ်

288 54 17
                                    

ဂျောင်ဝန်းအခြေအနေအရပ်ရပ်ကို နားမလည်နိုင်စွာ
အိပ်ယာပေါ်မှလူးလဲထဖို့ ကြိုးစားနေစဥ်အတွင်းမှာပဲ စစ်သူကြီးချုပ်က သူကိုပြန်ဆွဲချကာ ဖက်ထားပြန်သည်။

" ငြိမ်ငြိမ်နေကွာဂျောင်ဝန်း ညကလည်းတစ်ညလုံးမင်းကြောင့်မအိပ်ရဘူး အခုမှ မနက်အစောကြီးရှိသေးတယ် ခဏလောက်အိပ်ဦးမယ် "

ညကတစ်ညလုံးအိပ်မရဘူးတဲ့
သူ သူ စစ်သူကြီးချုပ်ကို ဘာတွေလုပ်မိပြီလဲ ။

ဂျောင်ဝန်းကိုယ် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့လည်း ခေါင်းကိုက်ပြီးမကြည်မလင်ဖြစ်တာကလွဲလို့ နာကျင်ပြီးအထိမခံဖြစ်နေတာမျိုးလည်းမခံစားရပေ။

စစ်သူကြီးချုပ်ကိုအကဲခတ်လိုက်မိတဲ့အခါ စစ်သူကြီးချုပ်ရဲ့လည်ပင်းမှာ ပန်းရောင်သန်းနေသော အမှတ်အသားများက အစီအရီ..

သွားပြီ...

စစ်သူကြီးချုပ်အပေါ်မှာ ပြင်မရတဲ့အမှားကြီးတစ်ခုကိုသူလုပ်လိုက်မိတာသေချာသလောက်ရှိနေပြီ။

ထိုစဥ်မှာပင် တံခါးခေါက်သံကြားလိုက်ရတာကြောင့် စစ်သူကြီးချုပ်က အိပ်နေရာမှထလာပြီး အဝတ်အစားတွေကိုသေသပ်စွာပြင်ဆင်လိုက်ပြီးအခန်းတံခါးကို လူတစ်ကိုယ်မြင်ရရုံသာဖွင့်လိုက်သည်။

" အော် စားတော်ကဲကြီး အမူးပြေဟင်းရည်လာပို့တာလား။
ငါ့ကိုပဲပေးခဲ့ ပြီးတော့မနက်စာအတွက် ငါးဆန်ပြုတ်ပူပူလေး လုပ်ခဲ့ပေးဦး ငါအစာမကြေသလိုဖြစ်နေလို့"

စစ်သူကြီးချုပ်ရဲ့ဆန်ပြုတ်ဆိုသောစကားမှာ ဂျောင်ဝန်းခေါင်းထဲမိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်စွာဝင်လာခဲ့သည်။
ထို့ကြောင့် အိပ်ယာပေါ်မှာဆက်ထိုင်မနေရဲတော့ဘဲ ကုတင်အောက်သို့တင်းကာ စစ်သူကြီးရှေ့မှာဒူးထောက်ချလိုက်သည်။

" စစ်သူကြီးချုပ် ကျွန်တော်တောင်းပန်ပါတယ် မနေ့ညက ကျွန်တော်အရမ်းမူးနေလို့အ...အ..ဆင်ခြင်မဲ့သွားခဲ့ပါတယ် ။

စစ်သူကြီးချုပ်စိတ်မပူပါနဲ့

ကျွန်တော်က ကိုယ့်လုပ်ရပ်အတွက် တာဝန်မယူတတ်တဲ့သူမျိုးမဟုတ်ပါဘူး။

Majestic Love Story In Dae Goguyeo Where stories live. Discover now