Author Note

192 35 2
                                    

နောက်ဆုံးတော့ စစ်သူကြီးချုပ်တို့နဲ့ခွဲရပါပြီ။

ဒီဇာတ်လမ်းလေးကိုရေးဖို့ plotချထားခဲ့တာ တော်တော်ကြာခဲ့ပါပြီ။
ဒါပေမယ့် စစ်ရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာက ကိုယ်တကယ်မကျွမ်းကျင်တဲ့အပိုင်းဖြစ်ပြီး
မနိုင်ဝန်ထမ်းမိသလိုဖြစ်မှာစိုးလို့ တွေဝေနေခဲ့မိရာကနေ En O'clock Chuseok special အပိုင်းလေးမှာ hanbok လေးတွေနဲ့ Sunsunကို 100 days prince က ost songလေးနဲ့ Sunsun pageလေးတွေက edit ထားတဲ့videoလေးကိုတွေ့လိုက်ရချိန်မှာတော့ ရေးကိုရေးမှဖြစ်တော့မယ်ဆိုပြီး သေချာပြင်ဆင်ပြီးရေးဖြစ်ခဲ့ပါတယ်။

ဂိုဂူလျောtimelineက စစ်သူကြီးတစ်ယောက်အကြောင်းကိုကျောရိုးယူထားပေမယ့် သမိုင်းထဲကအကြောင်းအရာအတိုင်းမဟုတ်ဘဲ ကိုယ်စိတ်ကူးအတိုင်းပုံဖော်ထားတာမို့ ကျောရိုးယူထားတဲ့စစ်သူကြီးရဲ့မူရင်းဇာတ်ကောင်အပေါ်မှာ အရမ်းကြီး serious မထားဘဲ fiction ထဲကဆောင်ဟွန်းရဲ့ဇာတ်ကောင်ကိုပဲ စီးမြောခံစားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။

ဒီဇာတ်လမ်းကတော်လှန်ရေးအကြောင်းလည်းပါတော့ ကိုယ်နိုင်ငံနဲ့ကိုက်ညီတဲ့အချို့အခြေအနေလေးတွေကိုဆွဲထည့်ထားခဲ့ပါတယ်။

ကိုယ်တို့နိုင်ငံကလည်း တော်လှန်ရေးလုပ်နေဆဲကာလပဲမို့ ဒီလိုအချိန်မှာရေးရတာပိုပြီး လေးနက်သွားခဲ့တယ်။

ဟုန်ရှစ်လို ချစ်ရသူကို ချစ်ခွင့်တောင်မပြောလိုက်ရတဲ့ ကြယ်ပွင့်လေးတွေ။

သားနှစ်ယောက်အဖေအကိုကြီးလို နောက်လာနောက်သားတွေရှေ့ရေးအတွက် တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရတဲ့ကြယ်ပွင်လေးတွေ

မိသားစုနဲ့ ဘယ်တော့မှပြန်မတွေ့နိုင်တော့တဲ့ကြယ်ပွင့်လေးတွေ။

ရပ်တည်မှုမတူလို့ စစ်မြေပြင်မှာ အခင်ဆုံးအချစ်ဆူံးသူငယ်ချင်းနဲ့မလွှဲသာဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ကြယ်ပွင့်လေးတွေ

အမှန်တရားတစ်ခုတည်းကိုယုံကြည်စွာဆုပ်ကိုင်ရင်းထောင်ထဲမှာနှိပ်စက်ခံရပြီးကြွေလွင့်သွားတဲ့ကြယ်ပွင့်လေးတွေ

ရေကုန်ရေခမ်းတိုက်ခိုက်ရင်းလူမသိသူမသိကြွေလွင့်သွားတဲ့ကြယ်ပွင့်လေးတွေ

Majestic Love Story In Dae Goguyeo Where stories live. Discover now