29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်

341 68 11
                                    

ရုတ်တရက်ဆန်စွာ နတ်ရွာစံသွားတဲ့ခမည်းတော်ရဲ့စျာပနပွဲအပြီးမှာတော့ အိမ်ရှေ့စံကိုနန်းပလ္လင်ပေါ်တင်ပြီး အမတ်ချုပ်ကြီးနဲ့ဆိုဟုမယ်မယ်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ကြတော့သည်။

မယ်တော်ကတော့ ထယ်ဟုမယ်မယ်(ဘုရင့်မယ်တော်) နေရာကိုရောက်သွားပေမယ့် နာမည်သာရှိပြီး လူပိုတစ်ယောက်လိုဆက်ဆံကြသည်သာ။
ဆိုဟုက နန်းတော်ထဲမှထွက်မသွားဘဲ ထယ်ဟုမယ်မယ်နဲ့အပြိုင်နန်းဆောင်မှာပြောင်ပြောင်တင်းတင်းနေထိုင်ပြီး အနောက်ဆောင်အာဏာကိုလည်းချုပ်ကိုင်ထားသည်။
ဆောန်မီကတော့ ဟွမ်ဟုမယ်မယ်နေရာသို့ နေရာသို့ရောက်သွားသော်လည်း ယောက္ခမကိုကြောက်ရပြီး အာဏာကောင်းကောင်းမရချေ။

" ဟွန်း အိမ်ရှေ့စံကအခု ဘုရင်ဖြစ်ပြီဆိုတော့မင်းဖော်ထုတ်ဖို့စီစဥ်ထားတဲ့ သူ့ရဲ့ယုတ်မာမှုတွေကို ဖော်ထုတ်ခွင့်မရမှာပဲငါစိုးရိမ်တယ်။
ဖော်ထုတ်ခွင့်မရတာအရေးမကြီးပေမယ့် မင်းကို ဦးတည်ပြီးတိုက်ခိုက်မှုတွေ စလာတော့မယ်လို့ထင်တယ်"

ခမည်းတော်ဒီထက်စိုးရိမ်စရာတွေ စိတ်ဖိစီးမှုတွေတွေးစရာမလိုတော့ဘဲ ကောင်းကင်ဘုံကိုရောက်သွားနိုင်တော့မှာပါဟု ဖြေသိမ့်အတွေးနဲ့ စိတ်ဒုန်းဒုန်းချလိုက်တော့ ဟွန်းအတွက် စိုးရိမ်စိတ်တို့ကနေရာယူလာပြန်သည်။

" စိတ်မပူနဲ့ သူတို့တွေငါ့ကိုလွယ်လွယ်နဲ့ထိလို့မရပါဘူး။
နန်းတက်ကာစအချိန်မှာ စစ်သူကြီးချုပ်နဲ့ထိပ်တိုက်တွေ့ရလောက်အောင်တော့ မမိုက်မဲဘူးလို့ထင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သက်သေတွေလည်းအဆင်သင့်ဖြစ်နေပြီမို့ လာမယ့် ညီလာခံမှာတော့ လျှောက်တင်စရာရှိတာလျှောက်တင်ပြီး သတိပေးစရာရှိတာသတိပေးရမယ်။"

ဟွန်းကစိတ်မပူဖို့ပြောပေမယ့်  သူကတော့စိတ်ပူသည်။
နန်းပလ္လင်ပေါ်မရောက်ခင်ကတောင် ဟွန်းကိုအမျိုးမျိုး လုပ်ကြံဖို့ကြိုးစားနေသူများက နန်းပလ္လင်ကိုရသွားပြီးနောက်မှာ အရင်ထက်ဆိုးလာဖို့သာရှိတော့သည်။

ဟွန်းက မြို့ထဲအိမ်တော်ဘက် ခဏသွားမည်ဆိုကာ ထွက်သွားတော့ ဆောနူးတစ်ယောက်တည်း အခန်းထဲမှာထိုင်ကာ ခမည်းတော်အကြောင်းများတွေးရင်း ခမည်းတော်ကိုသတိရစိတ်တို့က ပြည့်နှက်၍နေလေသည်။
.
.
" ဆောနူးဟျောင်း ကျွန်တော်ပြောစရာရှိလို့"

Majestic Love Story In Dae Goguyeo Where stories live. Discover now