33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း

350 63 12
                                    

ဆောန်ရဲ့မယ်တော်ပြောတဲ့စကားတွေက ဆောင်ဟွန်းနားထဲ တငြိမ့်ငြိမ့်စီးဝင်လာသည်။

နှစ်ယောက်သားက ဆောန်အန္တရာယ်ကင်းဖို့အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ခဲ့ကြသည်ဆိုပေမယ့် ထိုအန္တရာယ်အကောင်းဆုံးနည်းလမ်းက မထင်မှတ်ဘဲ ဆောန်အတွက် အနက်ရှိုင်းဆုံးစိတ်ဒဏ်ရာကိုပေးခဲ့မိသည်သာ။

သူ့မျက်နှာမြင်တာနဲ့ကံဆိုးပြီးအသက်သေဆုံးကြသည်ဟူသောစိတ်ဒဏ်ရာက ဘယ်လောက်တောင်ပြင်းထန်ခဲ့လဲ ဆောင်ဟွန်းအသိဆုံးဖြစ်သည်။

ငယ်စဥ်က အချုပ်ခန်းထဲမှာ သူ့မျက်နှာကိုအမှတ်မထင်မြင်သွားလို့ ဆောင်ဟွန်းကံဆိုးမှာကြောက်လန့်ကာ တစ်ကိုယ်လုံးတုန်ရီပြီး ဆောက်တည်ရာမရဖြစ်ခဲ့တဲ့ ဆယ်နှစ်သားလေး ဆောန်၊

လက်ထပ်ပြီးနောက်ရက် နန်းတော်ကိုသွားပြီးဂါရဝပြုစဥ်ကလည်း အိမ်ရှေ့စံက ဆောင်ဟွန်းနဲ့အတူရှိနေချိန် မျက်နှာကိုဖုံးမထားဖို့ပြောလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့တဲ့ ကြင်ယာတော်ဆောန်၊

ဘယ်အချိန်မှာဖြစ်ဖြစ် မျက်နှာနဲ့ပတ်သတ်ရင် ဆောန်ရဲ့စိတ်ဒဏ်ရာကသိပ်ကိုကြီးမားခဲ့သည်။

နောက်ပြီး ဆောန်ကသူ့ရဲ့မိဘတွေသူ့ကို
မချစ်ဘဲပစ်ပယ်ထားခဲ့သည်ဟုလည်းထင်ခဲ့ပြီး အမြဲစိတ်အားနေတတ်သေးတာဖြစိသည်။

၁၀ နှစ်သားတုန်းက အဖမ်းမခံရခင်မနက်မှာ မိဘတွေစိတ်ပူနေလောက်မလားဟုမေးမိချိန်မှာ ခေါင်းလေးငိုက်စိုက်ချကာ မိဘတွေက သူ့မျက်နှာကိုမတွေ့ချင်လို့ ခွဲနေကြတာဖြစ်ကြောင်းပြောဖူးသည်ပင်။

တော်ဝင်မိသားစုမှာ မွေးဖွားလာရတာ မွန်းကြပ်စရာသိပ်ကိုကောင်းလွန်းသည်။
ဒါတွေကိုသူမသိခဲ့ဘဲ ဆောန်ကိုလည်းမမှတ်မိခဲ့ဘဲ အထင်လွဲခဲ့မိသေးသည်။

အခုတော့ ဆောန်လည်း သူ့မျက်နှာနဲ့ပတ်သတ်သည့် အမှန်တရားကိုသိလိုက်ရပြီမို့ ဆောန်ရဲ့စိတ်ဒဏ်ရာကိုဖြည်းဖြည်းချင်း ကူစားဖို့ အနားမှာအားပေးရင်းရှိနေပေးတော့မည်။

ဆောန်ရဲ့မယ်တော်ပြောတဲ့အထဲမှာ ဆောင်ဟွန်းရင်ကို အကြည်နူးစေဆုံးအရာကတော့ ဆောန်က သူ့ရဲ့ကြင်ယာတော်ဖြစ်ဖို့မွေးဖွားလာသူဆိုတဲ့အချက်ပင်။

Majestic Love Story In Dae Goguyeo Where stories live. Discover now