15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ

380 70 27
                                    

ကြီးမြတ်သောဂိုဂူလျောနိုင်ငံကြီးမှာလူနှစ်ဦး လက်ထပ်ကြလျှင် မင်္ဂလာထုံးတမ်းအစဥ်အလာများအရ မင်္ဂလာပွဲကို သတို့သမီးအိမ်မှာသာပြုလုပ်ရသည်။

စစ်သူကြီးချုပ်နှင့်အရှင့်သားမှာ နှစ်ဦးလုံးအမျိုးသားများဖြစ်နေကြသည့်အတွက် မင်္ဂလာပွဲကိုဘယ်မှာကျင်းပကြမလဲဆိုသည့်ပြဿနာရှိခဲ့သော်လည်း ယခင်ရက်ပိုင်းက စစ်သူကြီးချုပ်ရဲ့ နန်းတော်အထိ လာရောက်တောင်းရမ်းမှုကို အရှင်မင်းကြီးက လက်ခံခဲ့တာမို့ မင်္ဂလာပွဲကို နန်းတော်ထဲက ဆောနူးနေခဲ့ဖူးတဲ့အဆောင်ငယ်လေးမှာသာပြုလုပ်ဖို့ စီစဥ်လိုက်ကြသည်။

ဆောနူးဆန္ဒအရဆိုလိုလျှင်တော့ မြို့စွန်ကအိမ်တော်လေးမှာပဲ အကျဥ်းချုံးလေးကျင်းပလိုက်ချင်ပေမယ့် နန်းတော်က မင်္ဂလာပွဲကို ပြည်သူပြည်သားတွေအထိပါကြေညာမောင်းခတ်ပြီး နန်းတော်ထဲမှာစီစဥ်လိုက်တာကြောင့် ဟွန်းကိုအားနာနေမိသည်။

တော်ဝင်မိသားစုများရော အမတ်များအရာရှိအရာခံများပါတက်ရောက်ကြတဲ့ပွဲမို့စည်ကားနေပေမယ့်
ပွဲလာကြသောပရိတ်သတ်၏တစ်ဝက်လောက်မှာ ​လှောင်ပြောင်ရယ်မောနေကြတဲ့မျက်နှာများကိုတွေ့ရသည်။

အနီရောင်မင်္ဂလာဝတ်စုံနဲ့ ဟွန်းကိုလှမ်းကြည့်လိုက်တော့မျက်ဝန်းမှာ
အေးစက်မှုတွေအပြည့်နဲ့
တည်ငြိမ်နေသောရုပ်သွင်ကိုမြင်ရသည်။

အဝေးကကြည့်လျှင်ပင် မြင်နေရသော နှာခေါင်းနားကမှည့်လေးမှာထင်းနေသည်။
ဝေးကွာနေခဲ့ရတာကြာပြီဖြစ်တဲ့မျက်နှာလှလှလေးကိုသတိလက်လွတ်ငေးကြည့်နေမိပြီး သူ့ဆီကပြန်ရောက်လာတဲ့အကြည့်တို့ကြောင့် ထူပူကာမျက်နှာကိုငုံ့ချလိုက်မိသည်။

" မင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲနေ့ကောင်းရက်မြတ်လေးမှာ ကြီးမြတ်တဲ့ဂိုဂူလျောရဲ့အရှင်သခင် ဘုရင်မင်းကြီးနဲ့ တိုင်းပြည်မိခင် မိဖုရားခေါင်ကြီးတစ်ဦးတည်းသောသားဖြစ်သူ သတို့သား
ဆောနူးဒယ်ဂွန်နဲ့
နိုင်ငံအရေးကို အသက်ပေးပြီးအရိုးကြေကြေအရေခမ်းခမ်း တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံတော်၏ရှိ မူးမတ်အပေါင်းတို့၏ အကြီးအကဲ သေနာပတိချုပ်ကြီးနှင့်ဇနီးဖြစ်သူ၏ တစ်ဦးတည်းသောသား လက်ရှိဂိုဂူလျောရဲ့ စစ်သူကြီးချုပ် ဖြစ်သူ သတို့..သား
ဆောင်ဟွန်း တို့ရဲ့ မင်္ဂလာပွဲစတင်ပါပြီ။

Majestic Love Story In Dae Goguyeo Where stories live. Discover now