30.အပေးအယူ

354 66 17
                                    

နိုင်ငံတော်စျာပနအခမ်းအနားရော နန်းတက်ပွဲပါ
ပြီးသွားခဲ့ပြီမို့ ဆောင်ဟွန်းနောက်တစ်နေ့ညီလာခံမှာ တင်ပြရမယ့်သက်သေတွေ ပြန်လည်စိစစ်ပြင်ဆင်နေချိန်တွင်
စစ်စခန်းအတွင်းသို့
မဖိတ်ခေါ်သောဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။

" စစ်သူကြီးချုပ် အရှင်မင်းကြီးကြွချီလာပါတယ် "

ရောက်လာပြီဆိုမှတော့ဖြင့် မဖိတ်ခေါ်ချင်လည်း ဖိတ်ခေါ်ရတော့မည်။

စစ်စခန်းအတွင်းက ဆောင်ဟွန်းရဲ့အလုပ်ခန်းထဲသို့ ဝင်လာသော ဘုရင်အသစ်ကို ကြိုဆိုပြီးလာရင်းကိစ္စကိုမေးမြန်းလိုက်သည်။

" ဒီနေ့လာတာက စစ်သူကြီးချုပ်နဲ့ အပေးအယူလုပ်ဖို့ လာခဲ့တာပဲ "

အပေးအယူတဲ့ ကိုယ်ကျိုးပဲကြည့်တတ်တဲ့သူရဲ့နှုတ်ကအပေးအယူဆိုတဲ့စကားကြောင့် ရယ်ချင်သွားသည်။
သူများဆီကနေ လိုချင်တာယူပြီး ဒုက္ခတွေသာပြန်ပေးတတ်တဲ့သူတို့ရဲ့အကျင့်ကိုနားလည်နှင့်ပြီးသားဖြစ်ပေသည်။

" ဘာအပေးအယူများလုပ်ချင်ပါသလဲ မင်းကြီး"

" မောင်မင်းလက်ထဲမှာရှိတဲ့ သက်သေတွေ ကိုယ်တော့်လက်ထဲ အခုအပ်လိုက်ပါ"

ဘုရင်ဖြစ်ပြီမို့ သက်သေတွေကိုဖျောက်ဖျက်ချင်တိုင်းဖျောက်ဖျက်ခွင့်ရပြီဟုမှတ်ယူထားပုံရသောထိုသူက ပြောင်ပြောင်တင်းတင်းပင် သူ့အပြစ်တွေကိုမီးမောင်းထိုးပြနေတဲ့သက်သေတွေကို ဆောင်ဟွန်းထံမှတောင်းယူနေသည်။

" နိုင်ငံအတွက်တာဝန်ထမ်းဆောင်ဖို့သွားတဲ့စစ်သူကြီးကိုလုပ်ကြံတယ်။
ရန်သူကိုသတင်းပေးတယ် မြေပုံလဲပြီး အချိန်ကြာအောင်လုပ်တယ် ဒါတွေအားလုံးက အလွယ်တကူ လျှော်ပေးလိုက်လို့ရတဲ့အပြစ်မဟုတ်ပါဘူး ရာဇဝတ်မှုပါ။

နိုင်ငံကိုကြိုးကွင်းစွပ်တဲ့ ရာဇဝတ်မှုပါ။

ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတဲ့စကားအတိုင်း
ဘယ်ရာထူးက ပုဂ္ဂိုလ်မဆို အပြစ်ကိုပြန်ပေးဆပ်ရမှာပါပဲ"

ဆောင်ဟွန်းကားကြောင့် ဘုရင်ကဒေါသထွက်ကာ ရှူးရှူးရှားရှားဖြစ်သွားသည်။.

Majestic Love Story In Dae Goguyeo Where stories live. Discover now