19.ကတိ

403 75 14
                                    

အမိန့်စာကိုလက်ခံလိုက်ပြီးနောက် စာကြည့်ခန်းအတွင်းဝင်ကာ တစ်ပတ်အတွင်း စစ်ထွက်ရမည့်အကြောင်း လက်ထောက်စစ်သူကြီးဟုန်ရှစ်ဆီ အကြောင်းကြားစာရေးလိုက်သည်။

ထို့နောက်ခြေမြန်တော်တစ်ဦးအားခေါ်ယူကာ လက်ထောက်စစ်သူကြီးထံအကြောင်းကြားစာ စေလွှတ်ပေးပို့စေပြီးနောက် မြေပုံကိုထုတ်ယူကြည့်ရှုလိုက်သည်။

မျိုးနွယ်စုငယ်လေးတစ်ခုရဲ့ပုန်ကန်ထကြွမှုသာဖြစ်ပြီး စစ်သူကြီးအငယ်တစ်ဦးဦးကိုစေလွှတ်ဖြေရှင်းခိုင်းလျှင်တောင်ရနိုင်မည့်အရေးဆိုပေမယ့် ဆောင်ဟွန်းကို တကူးတကသွားရောက်နှိမ်နင်းစေတာကိုကြည့်ခြင်းဖြင့် အကြံအစည်တစ်ခုခုရှိမှန်းသိသာနေသည်။

မြို့တော်နှင့်အတော်အတန်ဝေးသောနေရာဖြစ်တာကြောင့် အသွားအပြန် ကြာရှည်လှမည့်လမ်းခရီးဖြစ်သည်။

ဆောင်ဟွန်းမရှိခိုက် တော်ဝင်မိသားစုက မြို့တော်မှာ လုပ်စရာတစ်ခုခုရှိနေတာများလားလို့တွေးလိုက်တော့ ခေါင်းထဲမှာအရင်ဆုံးတွေးမိတာက
ဆောနူးဒယ်ဂွန်ကိုပင်ဖြစ်သည်။

အန္တရာယ်ပေးမှာထက် သူတို့နဲ့ပူးပေါင်းကာဆောင်ဟွန်းကိုဒုက္ခပေးဖို့ ခြိမ်းခြောက်သိမ်းသွင်းဦးမှာဖြစ်ဖို့များသည်။

ဒီနေ့တောင် နန်းတွင်းထဲမှာ အိမ်ရှေ့စံဆီကနေ သူ့ရဲ့မျက်နှာကိုဆောင်ဟွန်းမြင်အောင်ပြစေဖို့ခြိမ်းခြောက်ခံရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိလုပ်ခဲ့တာမဟုတ်ပါလား။
ဒီနေ့သာ ဒီအဖြစ်အပျက်ကိုမျက်ဝါးထင်ထင်မမြင်ခဲ့ရလျှင်ဆောင်ဟွန်းက ဆောနူးဒယ်ဂွန်ကို တော််ဝင်မိသားစုတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းအဖြစ် အထင်လွဲနေမိဦးမှာပင်။

စစ်ထွက်ရမှာထက် ကျန်ရစ်ခဲ့မယ့်သူကို စိုးရိမ်နေရမယ့်စိတ်ကပိုနေတာမို့ ဆောင်ဟွန်းသက်ပြင်းချလိုက်မိသည်။

ဘဝမှာ အမုန်းဆုံးအသိုင်းအဝိုင်းကလူတစ်ယောက်ကို စိုးရိမ်နေရမယ်လို့တစ်ခါမှမတွေးမိဖူးချေ။

မနေ့ကရောဒီနေ့ရော အလုပ်တွေများပြီးစိတ်တွေရှုပ်ထွေးကာ သူပေးထားတဲ့ဆေးကိုသောက်ဖို့မေ့နေခဲ့တော့ ခေါင်းအနည်းငယ်ပြန်ကိုက်လာသည်။
သို့သော် ဝေဒနာကိုလျစ်လျူရှူပြီး သွားရမည့်နေရာ၏ပထဝီဝင်အနေအထားနှင့်ရာသီဥတုအခြေအနေကိုချိန်ဆကာ သင့်တော်မည့်စစ်ဗျူဟာကိုဆွဲနေလိုက်သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now