5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်

373 70 0
                                    

"မိုးကောင်းကင်ရဲ့ဆန္ဒကို လူသားတွေမလွန်ဆန်နိုင်ဘူးဆိုတာ အမှန်ပဲ။

တွေ့ဆုံသွားကြပြီ။

အခြေအနေအရပ်ရပ်တားဆီးနေတဲ့ကြားက သူတို့နှစ်ယောက်ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ဆုံသွားခဲ့ကြတာပဲ။

အခုထိနားမလည်နိုင်တာက အရှင့်သားရော သခင်လေးရောက ယောက်ျားလေးတွေချည်းပဲလေ မိုးကောင်းကင်က သူတို့နှစ်ယောက်ကိုစုံဖက်ပေးဖို့ တကယ်ကြီးဆန္ဒရှိခဲ့တာလား။

ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကြောင့် နောက်တက်မယ့်ဘုရင်နဲ့တော်ဝင်မိသားစုက ရှေ့ရေးမကောင်းနိုင်ပေဘူး။ "

နတ်ဆရာမကြီးက လက်ထဲမှာကိုင်ထားတဲ့ခြူလုံးကိုအသာအယာချပြီး တီးတိုးရေရွတ်နေသံကို နံဘေးရှိဒေါ့ဂျင်က ပြတ်သားစွာကြားနေရတာကြောင့်ကြက်သီးများပင်ထလာတော့သည်။

နတ်ဆရာမကြီးက လက်ထဲမှာကိုင်ထားတဲ့ခြူလုံးကိုအသာအယာချပြီး တီးတိုးရေရွတ်နေသံကို နံဘေးရှိဒေါ့ဂျင်က ပြတ်သားစွာကြားနေရတာကြောင့်ကြက်သီးများပင်ထလာတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

pic from pinterest

" ဆရာမကြီး ဒီအကြောင်းတွေကို အရှင်မင်းကြီးဆီ လျှောက်တင်ရမယ်မဟုတ်ပါလား"

ဒေါ့ဂျင်စကားကြောင့် နတ်ဆရာမကြီးက ခေါင်းကိုအသာအယာခါယမ်းလိုက်သည်။

" ငါတို့က တော်ဝင်နန်းတော်ထဲက နတ်ဆရာမတွေဆိုပေမယ့် တော်ဝင်မိသားစုထက် တိုင်းပြည်တစ်ခုလုံးကို ဦးစားပေးရမယ်။

ေကာင်းကင်ဘုံရဲ့ဆန္ဒကိုမပယ်ရှားနိုင်ဘူး ။

ငါတို့က အိမ်ရှေ့စံဖြစ်လာမယ့်မင်းသားအတွက် စိုးရိမ်စိတ်နဲ့အရှင်မင်းကြီးကိုလျှောက်တင်လိုက်လည်း စိတ်ပူပြီး မဆိုင်တဲ့သူတွေကိုပါ လျှောက်သတ်ရုံအပြင် သူတို့လုပ်နိုင်တာဘာမှမရှိဘူး။

Majestic Love Story In Dae Goguyeo On viuen les histories. Descobreix ara