12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ

364 68 19
                                    

"စိတ်အေးအေးထားတော်မူပါ ဆိုဟုမယ်မယ် "

" ဘာကိုစိတ်အေးအေးထားရမှာလဲ ရှင်တို့ပြောလိုက်ရင်ဒီလိုချည်းပဲ ပြီးရင် တစ်ခုမှဟုတ်ဟုတ်ငြားငြားဘာမှလုပ်မပြနိုင်ဘူး။"

အိမ်တော်ထဲအဆောင်ခန်းကြီးထဲမှ အော်ဟစ်သံသည် ပြင်ပရှိ အစေခံတို့ထံပါးထိတိုင် လွင့်ပျံလာသည်။

ရုံးတော်မှအပြန် အိမ်တော်မှာ ဆူညံအော်ဟစ်နေသော သမီးဖြစ်သူ၏အသံကြောင့် အမတ်ချုပ်ကြီး သက်ပြင်းချလိုက်မိသည်။ မြေးတော်လေးတောင် အိမ်ရှေ့စံအရာရောက်ပြီး ထိမ်းမြားပြုပြီးသည်အထိ ဒီသမီးတစ်ယောက်ကမရင့်ကျက်နိုင်သေးပေ။
သက်လတ်ပိုင်းအရွယ် မိဖုရားတစ်ပါး ဖြစ်နေလင့်ကစား ရင့်ကျက်မလာဘဲ
ငယ်ငယ်ကလို လိုချင်တာမရရင် ဖြစ်ချင်တာမဖြစ်ရရင် ဆူညံပေါက်ကွဲနေတတ်တုန်းပါပဲ။

တိုင်းပြည်မိခင်ဖြစ်ဖို့ အိပ်မက်တစ်ခုကိုရင်ဝယ်ပိုက်ပြီး သည်းသည်းသန်သန်ကြိုးစားခဲ့သော်လည်း တစ်နယ်တစ်ကျေးက အမျိုးသမီးတစ်ဦးကြောင့် တိုင်းပြည်မိခင် နေရာနဲ့လွဲချော်ပြီးနောက်ပိုင်း ဒေါသတို့ကပို၍ဆိုးလာသည်။
ဖြစ်စေချင်တဲ့အတိုင်း သားတော်က အိမ်ရှေ့စံဖြစ်လာပေမယ့် စိတ်မလျှော့နိုင်သေးဘဲ တော်ဝင်မိသားစုနဲ့ သားတော်ကိုအန္တရာယ်ဖြစ်စေမယ့် ဇာတာနဲ့မွေးလာတယ်ဆိုတဲ့ကလေးကို လိုက်လံရှင်းလင်းဖို့နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေခဲ့တာဖြစ်သည်။
ဘယ်လောက်ပဲကြိုးစားပါစေ ထိုကလေးက စစ်သူကြီးချုပ်အထိဖြစ်လာတော့ စိတ်ပူမှုတွေက ပိုတိုးတယ်ထင်ပါရဲ့။
အခုလည်း နတ်ဆရာမတွေကိုအိမ်ခေါ်ပြီး သောင်းကျန်နေပြန်သည်။
ဘယ်လိုပဲဖြစ်ပါစေ ဒီသမီးတစ်ယောက်ပဲရှိတာမို့ သမီးရဲ့ဆန္ဒအတွက် တတ်နိုင်သမျှပံ့ပိုးပေးရုံသာရှိသည်။

"ပြောတော့အဲဒီမကောင်းဆိုးဝါးကောင်ရဲ့ကြင်ယာတော်ဇာတာနဲ့မွေးလာတဲ့သူကိုသူနဲ့မပေါင်းဖက်နိုင်အောင်တားဆီးနိုင်ရင် သူ့ရဲ့အင်အားတွေတဖြည်းဖြည်းယုတ်လျော့သွားမှာဆို။
မယ်မင်းတို့ပြောသလို အဲဒီဇာတာနဲ့မွေးလာတဲ့မိန်းကလေးကို သူနဲ့မပေါင်းဖက်နိုင်အောင် အိမ်ရှေ့စံကြင်ယာတော်ရွေးလိုက်ပြီးပေမယ့်
အခုတော့ ဘာတဲ့ အောင်ပွဲနဲ့ပြန်လာလို့ မြို့တော်တစ်ခုလုံးကြိုဆိုလိုက်ကြတာ ဘုရင်တိုင်းခန်းလှည့်လည်တာထက်တောင်ခမ်းနားသေးတယ်ဆိုပဲ။

Majestic Love Story In Dae Goguyeo Onde as histórias ganham vida. Descobre agora