49. နှလုံးသားခိုးယူခံရခြင်း

241 40 18
                                    

ဆွဲပြားလေးက အစစ်မို့ ဟွန်းကိုစိုးရိမ်တဲ့စိတ်နဲ့လိုက်လာခဲ့သော်လည်း သွားရသည့်လမ်းခရီးက တဖြည်းဖြည်းသံသယဝင်စရာကောင်းလာသည်။

" ဦးလေး ရောက်ဖို့ကဝေးသေးလားဗျ"

ဆောနူးအမေးကြောင့် ခေါ်လာသည့်ဦးလေးကြီးမှာ စိတ်မရှည်ဟန်ဖြင့်
" ဝေးသေးတယ် ထပ်သွားရဦးမှာ"
ဟုဆိုလာသည်။

ဆောနူးသေချာစဥ်းစားကြည့်တော့ ဆွဲပြားလေးက အစစ်အမှန်ဖြစ်နေတာသေချာပေမယ့် အဲလိုဆွဲပြားက မယ်တော်ဆီမှာလည်း တစ်ပုံစံတည်းတူတာတစ်ခုရှိနေသေးတာကို သတိရသွားမိသည်။

မယ်တော်က နန်းတော်ထဲမှာ အကျယ်ချုပ်ကျနေချိန်မို့ အကြံအစည်တစ်ခုခုဖြင့် အကိုတော်က မယ်တော်ဆီကဆွဲပြားကို ယူနိုင်ဖို့ရန်မခက်ခဲပေ။
ဒီဆွဲပြားက တကယ်ပဲ ဟွန်းဆီကလား ဒါမှမဟုတ်မယ်တော့်ဆီကလား ဆိုတာသေချာဖို့ ဆောနူး ဆွဲပြားကိုထုတ်ယူလိုက်ပြီး ဆွဲပြားနှင့်တွဲချည်ထားတဲ့ကြိုးကို အသာအယာနမ်းမွှေးကြည့်လိုက်တော့ ဟွန်းကိုယ်သင်းနံ့မဟုတ်သော အမျိုးသမီးသုံး ပန်းအဆီနံ့တစ်မျိုးရနေသည်။
မယ်တော်နှင့်အရင်တစ်ခါတွေ့စဥ်က မယ်တော့်ဆီမှထိုပန်းအဆီအနံ့ရဖူးတာမို့ ဆွဲပြားက မယ်တော့်ဆီကမှန်းသေချာသွားခဲ့သည်။

ထိုအခါမှ
ဆောနူးနောင်တရလာသည်။

စခန်းမှာတုန်းက ဆွဲပြားကိုသာစစ်ဆေးကြည့်ခဲ့ပြီး
ဟွန်းဒဏ်ရာရနေတယ် ဂျုံဆောင်းလည်းစိုးရိမ်ရတဲ့အခြေအနေဆိုတဲ့စကားမှာ အများကြီးစိတ်ပူသွားခဲ့မိတာကြောင့်သေချာမစဥ်းစားနိုင်ခဲ့တာဖြစ်သည်။
ယခုတော့ အများကြီးနောက်ကျသွားချေပြီ။

ခေါ်လာတဲ့သူမရိပ်မိအောင် ပတ်ဝန်းကျင်ကိုအကဲခတ်မိတော့ ဆောနူးတို့ကိုနောက်ယောင်ခံလိုက်လိုက်လာပုံရကာ လူအုပ်ထဲမှာရောနှောနေသော သူများကို တွေ့လိုက်ရသည်။
ဆောနူးနဲ့အတူစစ်သည်အနည်းငယ်ပါလာသော်လည်း ရန်သူများနဲ့ယှဥ်လျှင် လူအင်အားနည်းနေသည်။

ထွက်ပြေးဖို့လည်း ဘယ်လိုမှမဖြစ်နိုင်သောအနေအထားဖြစ်နေချေပြီ။

Majestic Love Story In Dae Goguyeo Where stories live. Discover now