20.သဲလွန်စ

334 69 12
                                    

မြို့တော်ကထွက်လာခဲ့တာ ၁၀ ရက်ကျော်ရှိချေပြီ ခရီးတစ်ဝက်ကျိုးနေသင့်ပြီဖြစ်သော်လည်း အခုထိ
တဝက်တောင်မရောက်သေးဘဲ
အလှမ်းဝေးနေသေးတဲ့ခရီးကြောင့်ဆောင်ဟွန်းစိတ်ထဲအနည်းငယ် မသင်္ကါဖြစ်လာသည်။

စစ်ထွက်ရမယ်ဆိုကတည်းက မြေပုံကိုကြည့်ကာ အကွာအဝေး၊ ကြာချိန်၊ ရိက္ခာပမာဏတို့ကို တွက်ချက်ထားပြီးဖြစ်ပေမယ့် မရောက်ဖူးတဲ့အရပ်ဒေသမို့ တွက်ချက်တာများလိုသွားသလားဟုလည်းတွေးလိုက်မိသည်။

ထို့ကြောင့် ခရီးတစ်ထောက်နားကာ စခန်းချပြီးစစ်သူကြီးငယ်များအားလုံးကိုပါခေါ်ယူစုဝေးလိုက်သည်။

လမ်းပြစစ်သူကြီး၏မြေပုံ၊ရှေ့ပြေးတပ်မြေပုံ နှင့် ဆောင်ဟွန်းလက်ထဲရှိမြေပုံအားလုံးကိုတိုက်ကြည့်သောအခါတွင်လည်း မြေပုံအားလုံးမှာ ထူးခြားတာမတွေ့ရဘဲတူညီလျှက်ရှိသည်။
နောက်ဆုံးမှာတော့ဆောင်ဟွန်း သေတ္တာငယ်တစ်ခုအတွင်းမှ နောက်ထပ်မူရင်းမြေပုံတစ်ခုကိုထုတ်ယူကြည့်ရှူလိုက်သောအခါအဖြေပေါ်လေသည်။

" မြေပုံလဲခံထားရတယ် "

ဆောင်ဟွန်းစကားကြောင့်လမ်းပြစစ်သူကြီးအပါအဝင်စစ်သူကြီးငယ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

" အခု မင်းတို့လက်ထဲမှာရှိနေတဲ့မြေပုံက ငါစစ်ဗျူဟာဆွဲတုန်းကမြေပုံမဟုတ်ဘဲ မသိမသာလမ်းလွှဲထားတဲ့မြေပုံနဲ့ အလဲခံထားရတာပဲ။

ငါ့မြေပုံကိုပါ ရအောင် လဲသွားတယ်။
တော်သေးတာက ငါကအမြဲ မြေပုံကို ၂ချပ်ယူထားပြီး တစ်ချပ်ကို လျှို့ဝှက်သိမ်းထားတတ်လို့သာ အခုလိုတိုက်ကြည့်ပြီးအလဲခံရမှန်းသိလိုက်တာပဲ။

မြေပုံပေါ်မှာတော့မသိမသာလေးလမ်းလွှဲလိုက်တယ်ဆိုပေမယ့် တကယ့်မြေပြင်အခြေအနေမှာတော့ အများကြီးဝေးကွာသွားတယ်။
မသိမသာလမ်းလွှဲထားတဲ့မြေပုံအရ ငါတို့သွားနေတဲ့လမ်းက စစ်မြေပြင်ကိုရောက်တော့ရောက်မှာဆိုပေမယ့် ပိုရှည်ကြာပြီးပိုကြမ်းတမ်းတဲ့လမ်းဖြစ်နေတယ်။

အဲဒီတော့ မြေပုံလဲထားတဲ့သူရဲ့ရည်ရွယ်ချက်က စစ်သည်တွေ ခရီးပန်းပြီး အားအင်လျော့စေဖို့ရယ် မလိုအပ်ဘဲ ရိက္ခာဖြုန်းတီးမိဖို့ရယ်နဲ့ စစ်မြေပြင်ကိုအချိန်မီမရောက်ဖို့ဆိုတာထင်ရှားတယ်။

Majestic Love Story In Dae Goguyeo Where stories live. Discover now