21. သိုဝှက်မေတ္တာ

349 69 10
                                    

တိတ်ဆိတ်ပြီးလူခြေတိတ်တဲ့ညသန်းခေါင်ယံတွင် အခန်းအတွင်းမှ အချက်ပေးခေါင်းလောင်းလေးမြည်လာတာကြောင့် ဆောနူးအိပ်ယာမှ လူးလဲထကာ အဝတ်အစားလဲပြီး ဆေးအိတ်ကိုဆွဲကာ အခန်းထဲရှိလျှို့ဝှက်တံခါးလေးမှတစ်ဆင့် ဆေးဆိုင်နှင့်ဆက်သွယ်ထားသောလျှို့ဝှက်လမ်းကလေးမှာလျှောက်လှမ်းလာရင်း ဟွန်းကိုသတိရလိုက်မိသည်။
နောက်ဆုံးတစ်ခေါက် သူဒီလမ်းကနေ ဆေးဆိုင်ကိုသွားတုန်းက ဟွန်းရဲ့လက်ထောက်စစ်သူကြီးကဆေးဆိုင်မှာစောင့်နေခဲ့တာဖြစ်သည်။
12 နှစ်ကျော်ကြာပြီးမှ ဟွန်းနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ဒီလမ်းကလေးကိုဖြတ်သန်းလာခဲ့ရတာပင်။

ဆေးဆိုင်ထဲရောက်တော့ အရင်တစ်ခါကလိုပင် ဆေးဆိုင်ပိုင်ရှင်က နေရခက်စွာဆောနူးကိုလူနာရှင်နှင့်မိတ်ဆက်ပေးလာသည်။

ဆောနူးထိုသူကို ရင်းရင်းနှီးနှီးသိသည်။
ထိုသူက ခမည်းတော်နားမှာနေရတဲ့ အထိန်းတော်ချုပ်ကြီးပင်ဖြစ်သည်။

အထိန်းတော်ချုပ်ကြီးကတော့ ဆောနူးမှန်းမသိလောက်ပေမယ့် ဆောနူးကတော့သိနေတာမို့ ခမည်းတော်အတွက် အနည်းငယ်စိတ်ပူပန်သွားမိသည်။
သို့သော်လည်း နန်းတွင်းမှာ ထူးချွန်သောသမားတော်များစွာရှိနေတာမဟုတ်ပါလား။

" လူကြီးမင်းကိုကြည့်လိုက်တာနဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းကမှန်းသိသာပါတယ်။
ကျွန်တော်က ဆေးဖိုးဝါးခမတတ်နိုင်တဲ့ လူနာတွေကိုပဲ ကုသပေးတာမို့ အခြားထူးချွန်သမားတော်တွေကိူသွားရှာဖို့ပဲအကြံပြုပါတယ်"

ဆောနူးကတော့ အထက်တန်းလွှာအသိုင်းအဝိုင်းကလူတွေကိုမကုဘူးဆိုတဲ့စည်းကမ်းအတိုင်း ငြင်းဆန်လိုက်သော်လည်း အထိန်းတော်ချုပ်ကြီးကတော့ ဆောနူးကိုအလောတကြီးဆွဲထားလေသည်။

" ဆေးဆိုင်ပိုင်ရှင်ကရှင်းပြထားတာတင်သာမက ဟိုဟိုဒီဒီကလည်းသတင်းတွေကြားထားပြီးသားဆိုပေမယ့်
အသက်နဲ့ရင်းပြီးကာကွယ်ရမယ့်အရှင်သခင်အတွက် ကောက်ရိုးလေးတစ်မျှင်ပဲဖြစ်ဖြစ်ရအောင်ဆွဲထားမယ်ဆိုတဲ့အတွေးနဲ့လာခဲ့တာပါသမားတော်ကြီး။
လူနာက အခြားသူမဟုတ်ဘဲ ကြီးမြတ်တဲ့ ဂိုဂူလျောရဲအရှင်သခင် ဘုရင်မင်းမြတ်ပါပဲ "

Majestic Love Story In Dae Goguyeo On viuen les histories. Descobreix ara