အပိုင်း ( ၂ )

1.5K 150 13
                                    


          မနက်ရောက်တော့ ရှောင်ရှင်းယွီ‌တစ်ယောက် သူ့အိပ်မက်ထဲတွင် ဧရာမရေဘဝဲကြီးတစ်ကောင်က သူ့အားရစ်ပတ်ထားကြောင်းမက်ပြီး လန့်နိုးလာတော့သည်။ သူကြည့်လိုက်တော့ လီရှန်း‌တစ်ယောက် သူ့အား ခြေရောလက်ပါ ဖက်တွယ်ထားသည််ကိုတွေ့လိုက်ရသည်။ထို့ကြောင့်ဟူလည်းစိတ်ပေါက်ပေါက်ဖြင့် လီရှန်းအား ကုတင်ပေါ်မှ ကန်ချလိုက်တော့သည်။

ဘုန်းးး

"အားး ယွီယွီဘာဖြစ်လို့လဲဟင်"

"ခဗျားဘာလို့ ကျွန်တော့ကို လာဖက်အိပ်နေတာလဲ"

"အဲ အဲဒါကညတုန်းက ကိုယ်အရမ်းချမ်းလာလို့ပါ ယွီယွီစိတ်မ‌ဆိုးပါနဲ့နော်"(。•́︿•̀。)

"ဟွန့်"

"ဖေဖေ ‌အဖေ "

"သားတို့နိုးလာကြပြီလား ခဗျား သူတို့ကိုမျက်နှာသစ်ပြီး အဝတ်လဲပေးလိုက် ကျွန်တော်မနက်စာသွားချက်အုံးမယ်"

ထို့နောက် သူလည်း မျက်နှာသစ်ပြီး မနက်စာချက်ရန် ထလာလိုက်တော့သည်။

'အင်းး ဒီတစ်နပ်လည်းဆန်ပြုတ်ပဲ့စားရအံုးမှာပဲ့လည်း ငါ့ပေါက်စီ‌ေလး‌တွေ ကြီးထွားလာဖို့ဆိုရင် ဆန်ပြုတ်ချည်းပဲ့ ကြွေးနေလို့မဖြစ်ဘူး မနက်စာစားပြီးရင်တောင်ပေါ်တက်ပြီး ဟင်းသီးဟင်းရွက်လေးဘာလေး ရှာကြည့်အုံးမယ် ပြောမရဘူး ficတွေထဲကလို သီးပင်စားပင်လေးတွေရချင်ရလောက်တယ်'(✯ᴗ✯)

"လီရှန်း ခဗျားပြီးရင်မီးလာထည့်ပေးအုံး!"

"ဟုတ်ကဲ့ ယွီယွီ!"

မနက်စာစားကြပြီးနောက် •••

"ကျွန်တော် တောင်ပေါ်ကို ခဏသွားမလို့"

"ယွီယွီ လိုချင်တာရှိရင် ပြောလေ ကိုယ်သွားရှာ‌ေပးမယ်"

"ရတယ် ဘာမှမဟုတ်ဘူး ဟင်းရွက်ရိုင်းတွေ သွားရှာမလို့"

"အဲတာဆို ကိုယ်လည်းလ်ိုက်မယ်လေ"

ထိုစဉ် လီရှင်းဟွား‌ေလးက•••

"ဖေဖေ သားလည်းလိုက်ချင်တယ်"

"သားကငယ်သေးတယ် လိုက်လို့မရ‌ေသးဘူးနော်"

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now