အပိုင်း [ 11 ]

1K 108 10
                                    

        ယွဲ့ရှီးတစ်ယောက် ပါးစပ်ကသာပြန်အော်နေသော်လည်း လူကတော့ ခြံအပြင်ရောက်သွားပြီဖြစ်သည်။မုန်းစရာကောင်းလိုက်တာ အဲငတုံးကောင်က ဒီတစ်ခါမှဘယ်လိုဖြစ်နေတာလဲ?!!

   "ဟမ့် အဲသရုပ်ဆောင်စကေးနဲ့ ငါ့ရှေ့မှာများလာပြီး ကြာပန်းဖြူချင်သေးတယ် 21ရာစုမှာဆို ဖြတ်‌ေလျှာက်အဆင့်တောင်ပါရပါ့မလားပဲ့ "

        
      ရှောင်ရှင်းယွီတစ်ယောက်ပွစိပွစိပြောပြီး ကြာစေ့များအား ပြန်ခွာနေလိုက်တော့သည်။ ခဏအကြာ နွားလှည်းသွားပို့သော လီရှန်း ပြန်‌လာသောအခါ ပွစိပွစိပြောနေသော ရှောင်ရှင်းယွီ ကိုမြင်လိုက်ရသောအခါ စိုးရိမ်စွာမေးလိုက်သည်။

"ယွီယွီ ဘာဖြစ်လို့လည်းဟင်"

"ဘာမှမဖြစ်ပါဘူး အိမ်ထဲကိုနွားဝင်လာလို့"

   
        ရှောင်ရှင်းယွီက ထို့သို့ပြောလိုက်သောအခါ လီရှန်းက ခြံစည်းရိုးကိုကြည့်လိုက်ပြီး  နားမလည်စွာဖြင့် ပြောလာသည်။

"ဟမ် ဒါပေမဲ့ ကိုယ်တို့ ခြံစည်းရိုးက နွားထက်ပိုမြင့်တယ်လေ ခြံတံခါးလည်းပိတ်ထားတယ်မဟုတ်လား"

" ခြေနှစ်ချောင်းနဲ့ တောင်ပံပေါက်နေတဲ့နွားလေ! တော်ပြီ အဲအကြောင်းကိုမပြောချင်တော့ဘူး ခဗျားဒီဟာ‌ေတွ လာခွာပေးထား ကျွန်တော် ဟင်းချက်ထားတာ သွားကြည့်လိုက်အုံးမယ်"

"ကောင်းပါပြီ ယွီယွီ"

         ထို့‌ေနာက် မီးဖိုချောင်သို့ ပြန်ဝင်သွားပြီး  ချက်ထားခဲ့သော ကြာစွယ်ဝက်နံရိုးစွပ်ပြုတ်နှင့် ဝက်သားပေါင်းတို့ကို ရမရကြည့်လိုက်သည်။ အားလုံးကျက်သွားတော့ အ‌ေပါ်က ကြက်သွန်မြိတ်လေးဖြူးလိုက်ပြီး မီးကိုငြိမ်းလိုက်သည်။မြို့မှဝယ်လာသော ပေါက်စီများရှိသဖြင့် ထမင်းမချက်‌ေတာ့‌ေပ။‌ေပါက်စီများကိုသာပြန်‌‌ေနွးလိုက်ပြီး ညနေစာစားရန် စီစဉ်လိုက်‌ေတာ့သည်။ထို့နောက် လီရှန်း နှင့် အိမ်ရှေ့တွင်ဆော့ကစားနေကြသော ပေါက်စီလေးများကို သွားခေါ်လိုက်သည်။

" ညစာစားကြရအောင် !"

    
        ထိုအခါ ပေါက်စီလေးများက အမြန်ပြေးလာကြပြီး ထမင်းစားစားပွဲပေါ်တွင်နေရာယူကြကာ လီရှင်းဟွာလေးက ရှောင်ရှင်းယွီအား .....

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWaar verhalen tot leven komen. Ontdek het nu