အပိုင်း [ 22 ]

822 144 6
                                    



                

      မနက်စာစားကြပြီးနောက် ရှောင်ရှင်းယွီကပေါက်စီလေးများကိုခေါ်ပြီး ရှောင်မိသားစုအိမ်သို့ထွက်လာလိုက်သည်။

      ရှောင်အိမ်သို့ရောက်သောအခါ ခြံတံခါးကိုခေါက်လိုက်သည်။ထိုအခါ ခြံထဲမှသူအကြီးဆုံးအကို ရှောင်းယန်၏အသံကိုကြားလိုက်သည်။

" ဘယ်သူလဲ "

      ရှောင်ရှင်းယွီလည်းပြန်ပြောလိုက်သည်။

"   ကျွန်တော်ပါ " 

       ခဏအကြာတွင် ခြံတံခါးပွင့်လာပြီး ဖွင့်ပေးလာသူမှာ စတုတ္ထအကို ရှောင်ချွမ်းဖြစ်သည်။ရှောင်ရှင်းယွီလည်း ရှောင်ချွမ်းကိုနှုတ်ဆက်လိုက်သည်။

" စတုတ္ထအကို "

           ရှောင်ချွမ်းလည်း ရှောင်ရှင်းယွီကို ခေါင်းညိမ့်ပြကာ ပြန်နှုတ်ဆက်လာသည်။

" ရှောင်ယွီ တစ်ခုခုဖြစ်လို့လား "

" မဖြစ်ပါဘူး ကျွန်တော်ပြောစရာလေးရှိလို့ပါ အဖေတို့ရှိလား"

" ရှိတယ် ဝင်လာကြ"

" ကောင်းပါပြီ"

          သူတို့ဧည့်ခန်းထဲသို့ ရောက်လာကြသောအခါ စားပွဲတွင် တစ်မိသားစုလုံးထိုင်ကာ လက်ဖက်ရည်‌ေသာက်နေကြပြီး အခုမှမနက်စာစားပြီးကြပုံပေါ်လေသည်။သူတို့ဝင်သွားသောအခါ အားလုံးကလှည့်ကြည့်လာကြသည်။

         ရှောင်ဖေဖေက ရှောင်ရှင်းယွီကို သူ့ဘေးကနေရာကိုညွှန်ပြရင်းပြောလိုက်သည်။

" ရှောင်ယွီ ဒီမှာလာထိုင် "

         ရှောင်ရှင်းယွီလည်း သူ့အကိုများနှင့်ယောင်းမများကို ပြုံး၍နှုတ်ဆက်လိုက်ပြီး ဝင်ထိုင်လိုက်သည်။ပေါက်စီလေးများကတော့ သူတို့အဖိုးတွေဆီကို ပြေးသွားကြသည်။

        ထို့နောက်ရှောင်ဖေဖေက သူ့ဆီသို့တွယ်တက်ချင်‌ေနသော လီရှင်းချန်လေးကို ချီကာပေါင်ပေါ်တွင်ထိုင်ခိုင်းလိုက်ပြီး ရှောင်ရှင်းယွီကိုမေးလိုက်သည်။

" ရှောင်ယွီ ဘာများဖြစ်လို့လဲ"

" လီရှန်းနဲ့ကျွန်တော် ယာမြေမှာ အပင်တွေစိုက်ဖို့ စီစဉ်ထားတာ ပေါင်းမြက်တွေနဲ့ ခြံစည်းရိုးအသစ်ပြန်လုပ်ဖို့က ကျွန်တော်တို့နှစ်ယောက်တည်းဆိုရင် အကြာကြီးလုပ်ရမှာ ပြီးတော့အိမ်နောက်ကစိုက်ခင်းကိုလည်းရှင်းရအုံးမယ် အဲတာကြောင့် အကိုတို့ကိုအကူအညီတောင်းချင်လို့ပါ ကျွန်တော်ငွေပေးပါ့မယ် တစ်နေ့ကိုကြေးပြား 45ပြားပေးမယ်လေ ဘယ်လိုသဘောရလဲ"

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now