အပိုင်း [ 21 ]

769 136 2
                                    





                    

     ရှောင်ရှင်းယွီတစ်ယောက် သူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသော လီရှန်းကို မကြေမနပ်ကြည့်လိုက်မိသည်။ဒီလူဘယ်လိုတောင်အရပ်ရှည်ရတာလဲ။သူ၏အရပ်မှာ 6ပေနီးပါးရှည်ပြီး အရပ်ရှည်သည့်အထဲတွင်ပါသည်။ယခုခန္ဓာကိုယ်သည်လည်း ကိုယ်ဝန်ဆောင်မှည့်မှလွဲ၍ သူ့မူလကိုယ်နှင့်တစ်ထပ်တည်းတူညီသည်။ သူပုတာမဟုတ်ဘူး ဒီလူကကိုအရှည်လွန်နေတာ!!

  
" ဟုတ်ပါပြီ ခဗျားလွှတ်ပေးအုံး အိပ်ချိန်ရောက်‌ေနပြီ တစ်နေ့လုံးဟိုသွားရဒီသွားရနဲ့ ပင်ပန်းတယ်"

" ဒါဆိုကိုယ်နှိပ်ပေးမယ်လေ ယွီယွီ"

    
      လီရှန်းပြောစကားကြောင့် ရှောင်ရှင်းယွီက လီရှန်းကိုမော့ကြည့်ပြီးမေးလိုက်သည်။

" ခဗျား နှိပ်လည်းတတ်တာလား"

" အင်း ကိုယ့်မိဘတွေရှိတုန်းကဆိုအမြဲနှိပ်ပေးရတယ်လေ"

" ဝိုး ဒါဆိုခဗျားကမိဘကိုရို‌ေသတဲ့ သားလိမ္မာလေးပဲ့ ဒါဆိုနှိပ်ပေးကြည့်လေ"

      
" ကောင်းပါပြီ ယွီယွီ"

     ထို့နောက် ရှောင်ရှင်းယွီသည် အိပ်ယာပေါ်သို့သွားကာလှဲချလိုက်ပြီး......

" လာနှိပ်ပေး ခြေတောက်‌ေတွအရမ်း
‌ေညာင်းတာပဲ့"

      လီရှန်းလည်း ကုတင်ခြေရင်းတွင်ထိုင်လိုက်ပြီး ရှောင်ရှင်းယွီ၏ ခြေတောက်သွယ်သွယ်လေးများကိုဆွဲယူကာ သူ့ပေါင်ပေါ်တွင်တင်လိုက်ပြီး ဖြူ‌ေဖွးအိစက်‌ေန‌ေသာ ခြေဖမိုး‌ေလးမှစ၍နှိပ်ပေးလိုက်သည်။ ရှောင်ရှင်းယွီ၏ခြေသလုံးလေးများမှာအနည်းအငယ်အားထည့်ပြီး ဖြစ်ညစ်လျှင်တောင် သွေးချေဥများဖြစ်နိုင်သဖြင့် လီရှန်းမှာသိပ်အားထည့်မနှိပ်ရဲပေ။

  
    ရှောင်ရှင်းယွီက‌တော့ အနှိပ်ခံရင်းဇိမ်ယူနေလိုက်သည်။

" လီရှန်း ခဗျားနှိပ်တာတော်သားပဲ့ အင်း~ အဲနေရာလေးကိုထပ်လုပ်ပေး"

      
     ရှောင်ရှင်းယွီတစ်ယောက် အနှိပ်ခံနေရာမှ ခံစားလို့ကောင်းသည့်နေရာသို့ရောက်ရင် ကြောင်ပေါက်လေးကဲ့သို့ ညည်းသံလေးများထွက်နေသောကြောင့် လီရှန်းမှာသူ့ရဲ့ အသဲကို ကြောင်ပေါက်လေးတစ်ကောင်းလာကုတ်ခြစ်နေသလိုခံစားရပြီး ပူလာသလိုလို ရေငတ်သလိုလိုဖြစ်ကာ တံတွေးမျိုချမိတော့သည်။ အတန်ငယ်ကြာသောအခါ ရှောင်ရှင်းယွီမှာအသံထွက်မလာတော့ပဲ ငြိမ်သက်စွာအိပ်ပျော်သွားတော့သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now