အပိုင်း[ 5 ]

1.1K 126 16
                                    

                       

         ယနေ့ လီရှန်းသည် တောင်ပေါ်သို့အမဲလိုက်သွားမည်ဖြစ်၍ လေးနှင့်မြှားအား ပြင်ဆင်နေလေသည်။ ရှောင်ရှင်းယွီသည်  ‌ကလေးများကို မနက်စာကျွေးနေရင် လီရှန်းလက်ထဲမှ လေးကိုကြည့်ပြီး ...

  " လီရှန်း ခဗျားလက်ထဲက လေးကဟောင်းနေပြီ မြို့သွားပြီး သားကောင်ရောင်းပြီးရင် အသစ်တစ်ခုဝယ်လိုက်ပါလား တောကောင်းအကြီးကြီးတွေနဲ့ တွေ့ရင် အန္တာရာယ်ရှိနိုင်တယ်"

"ကောင်းပါပြီ ယွီယွီ"

       ထို့နောက်ရှောင်ရှင်းယွီသည် တစ်စုံတစ်ခုအားသတိရသွားကာ လီရှန်းအားပြောလိုက်သည်။

" ဒါနဲ့ တောထဲမှာ လိမ္မော်ပင်တွေ့ရင် တူးလာပေးအုံးနော်  အပင်ကြီးဆိုရင်တော့မတူးလာနဲ့အုံး"

"ကောင်းပါပြီ ယွီယွီ အိမ်မှာဂရုစိုက်နေနော်တစ်ခြားသူတွေရန်လာတွေ့ရင် အိမ်ထဲမှာပုန်းနေနော်"

"ဟမ်း  လာချင်တဲ့ကောင်လာပါစေ သူတို့ဘိုးဘေးတွေကို တရအောင်အထိ သမပေးလိုက်မယ်"

          လီရှန်တောင်ပေါ်သို့အမဲလိုက်ရန်ထွက်သွားသောအခါ  ရှောင်ရှင်းယွီသည် မူကိုယ်၏မှတ်ဉာဏ်များကိုစဉ်းစားကြည့်‌ေန‌ေလသည်။ ရှန်းရွာ၏ အနောက်ဘက်ပိုင်းတွင် ကြာကန်တစ်ကန် ရှိနေသည်ကို သတိရသွားကာ ရှောင်မိသားစုအိမ်သည်လည်း ရွာအနောက်ပိုင်းတွင်ရှိသောကြောင့် ရှောင်အိမ်ကိုဝင်ရင်းသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

     ထို့နောက် သူလည်း ခြင်းတောင်းတစ်လုံးကိုလွယ်ကာ မ‌နေ့ကတူးလာသော ကန်စွန်းဥအနည်းအငယ်အား ရှောင်မိသားစုအိမ်အားပေးရန် ထည့်လိုက်သည်။ မိဘအိမ်ကိုသွားရင် လက်ဗလာနဲ့ သွားဖို့မကောင်းဘူးလေ။ထို့နောက်အိမ်တံခါးအားသေချာပိတ်ခဲ့ပြီးနောက် လီရှင်းချန်နှင့်လီရှင်းဟွာအား တစ်ယောက်တစ်ဖက်စီလက်ဆွဲကာ ရှောင်မိသားစုအိမ်ကိုထွက်သွား‌တော့သည်။ ရှောင်မိသားစုအိမ်သို့ရောက်သောအခါ ရှောင်ရှင်းယွီက တံခါးခေါက်ပြီးအော်ပြောလိုက်‌သည်။

" ဖေဖေ  တံခါးဖွင့်ပေးပါအုံး!"

"လာပြီ"

    တံခါးလာဖွင့်ပေးသူမှာ ကောဖေဖေ မဟုတ်ပဲ ရှောင်မိသားစု၏အကြီးဆုံးသား ရှောင်ယန် ပင်ဖြစ်သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းحيث تعيش القصص. اكتشف الآن