အပိုင်း [ 20 ]

904 134 4
                                    

                    

        ညစာစားကြပြီးနောက် အအေးခံထားသောပူတင်းများကို ပန်းကန်ပြားထဲသို့လှယ်ထည့်ကာ ချပေးလိုက်သည်။‌ပေါက်စီလေးများက ပူတင်းကိုတို့ကြည့်ပြီး ရှောင်ရှင်းယွီကိုမေးလာကြသည်။

" ဖေဖေ ဒီဟာကဘာလဲ"

" ဖေဖေဒီဟာကိုစားလို့ရလားဟင်"

       ရှောင်ရှင်းယွီလည်း ပူတင်းများကို‌တစ်ယောက်တစ်ခွက်မျှထည့်လိုက်ပြီးချပေးကာ ပြန်ပြောလိုက်သည်။

" ဒါကိုပူတင်းလို့ခေါ်တယ် ပါဝင်ပစ္စည်းမစုံလို့အရသာသိပ်မကောင်းပေမဲ့ စားလို့တော့ရပါတယ် စားကြည့်ကြည့်"

  
       ထိုအခါ လီရှန်းက ပူတင်းကိုတစ်ဇွန်းခပ်ပြီးမြည်းကြည့်ကာ .....

" ယွီယွီ အရမ်းစားလို့ကောင်းတယ်"

        ထို့နောက်ခေါင်းမဖော်စတမ်းစားကြတော့သည်။ပေါက်စီလေးများကလည်းအားကျမခံအပြိုင်စားကြတော့သည်။ စားသောက်ပြီးကြသောအခါ ပန်းကန်များဆေးလိုက်ပြီး အိပ်ချင်နေပြီဖြစ်သောပေါက်စီလေးများကို ‌ချော့သိပ်လိုက်ပြီး  အိပ်ပျော်သွားသောအခါ ဧည့်ခန်းစားပွဲပေါ်တွင် ထိုင်ကာလက်ဖက်ရည်သောက်နေသော လီရှန်းဆီသို့ထွက်လာခဲ့ကာ ထိုင်လိုက်သည်။ ထိုအခါ လီရှန်းက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ရှောင်ရှင်းယွီဘက်သို့တိုးပေးလိုက်သည်။ ရှောင်ရှင်းယွီ လည်းလက်ဖက်ရည်ခွက်ကို ယူသောက်လိုက်ပြီး လီရှန်းကိုပြောလိုက်သည်။

" ခဗျား မနက်ဖြန်တောင်ပေါ်ကိုသွားမှာလား"

"အင်း မကြာခင် ဆောင်းရာသီရောက်တော့မှာဆိုတော့ အသားခြောက်တွေလုပ်ထားရအုံးမယ် "
        

" အင်းပါ ဒါဆို ကျွန်တော်လည်းလိုက်မယ် "

" ကောင်းပါပြီ "

" ပြီးတော့လေ မြေကွက်ကိုလေခြံစည်းရိုးက‌‌ေဆွး‌ေနပြီ အသစ်ပြန်လုပ်ရမယ် ကျွန်တော်တို့လူထပ်ငှားကြမလား"

" ယွီယွီ ကြိုက်တာလုပ်"

         လုပ်သမားငှားမည့်ကိစ္စနှင့်ပက်သက်၍ ရှောင်ရှင်းယွီက ရှောင်အိမ်မှသူ့အကိုများကိုတွေးမိသည်။ရှောင်ညီအကိုများသည် သူတို့အိမ်၏တစ်ဦးတည်းသောကောလေးအားအလွန်ချစ်ကြပြီး အလိုလိုက်ကြသည်။ရှေ့တစ်မျိုးကွယ်ရာမှာတစ်မျိုး ရွာသားများထက်စာရင် သူ့အကိုများကအများကြီးပိုကောင်းသည်။ထို့ကြောင့်ရှောင်ရှင်းယွီက လီရှန်းကိုပြောလိုက်သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now