အပိုင်း [ 8 ]

1K 108 4
                                    

     တောကောင်များရောင်းပြီးနောက်‌ ရှောင်ရှင်းယွီက ငွေတုံးများကို လီရှန်းအားပေးလိုက်သည်။

"ရော့ ခဗျားယူထား"

ထိုအခါလီရှန်း က ခေါင်းခါပြီး ငြင်းလိုက်သည်။

"မလိုပါဘူး ယှီယှီပဲ့ယူထား"

"ဒါဆိုလည်း ကောင်းပါပြီ"

ထို့နောက်လီရှန်းက ရှောင်ရှင်းယွီအား လေးစားအားကျစွာကြည့်‌၍ ....

"ယွီယွီ ကအံ့ဩဖို့ အရမ်းကောင်းတာပဲ့ ကိုယ်အရင်‌ေခါက်‌ေတွတုန်းက ဒီလောက်တစ်ခါမှမရဖူးဘူး"

"သေချာတာပေါ့ (^~^;)ゞ နောက်ထပ်လိမ္မော်သီးတွေရောင်းရအုံးမယ် စားသောက်ဆိုင်တစ်ဆိုင် ရှာကြရအောင်"

"ကောင်းပါပြီ ယွီယွီ"

ထို့နောက် ရှောင်ရှင်းယွီတို့သည် လိမ္မော်သီးများအားရောင်းရန် စားသောက်ဆိုင်ကြီးတစ်ဆိုင်ရှာလိုက်ကြသည်။ ထို့နောက်သူတို့သည်
ကြာပန်း စားဖွယ်စုံ ဟု အမည်ရသောစားသောက်ဆိုင်ကြီးတစ်ဆိုင် အားရွေးချယ်လိုက်သည်။
ဆိုင်အတွင်းသို့ဝင်သွားသောအခါ ဆိုင်စားပွဲထိုးလေးတစ်ယောက်က သူတို့ဆီလာပြီးမေးလိုက်သည်။

"ဒီကဧည့်သည်တော်တို့ ဘာများသုံးဆောင်မလဲ ခဗျား"

" မင်းတို့ ဆိုင်ပိုင်ရှင်ကိုတွေ့လို့ရမလားသစ်သီးတွေရောင်းချင်လို့ပါ"

" ဒါဆိုရင် ခဏစောင့်ပေးပါခဗျား"

"ကောင်းပါပြီ"

စားပွဲထိုးလေး ထွက်သွားပြီးနောက် သူတိုလည်း လူရှင်းသော စားပွဲတစ်ဝိုင်းကိုရှာ၍ ထိုင်စောင့်နေလိုက်ကြသည်။ ခဏကြာသောအခါ စားပွဲထိုးလေးပြန်ရောက်လာပြီး သူ့နောက်တွင် လှပသောကောတစ်ယောက်ပါလာသည်။

"ဒီကဧည်သည်တော်တို့ သူက ကျွန်တော်တို့ရဲ့ဆိုင်ရှင်ပါခဗျား ကိစ္စမရှိတော့ရင် ခွင့်ပြုပါအုံးခဗျား"

"ကောင်းပါပြီ"

ထို့နောက် ဆိုင်ရှင်က စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်ပြီ သူ့ကိုယ်သူမိတ်ဆက်ပေးလာသည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now