အပိုင်း [ 23 ]

887 112 5
                                    


                

        ရှောင်ရှင်းယွီသည် သူ့အပေါ်တစ်ဆကောင်းပေးသည်နှင့် ဆယ်ဆလောက်ပြန်ကောင်းပေးတတ်သောအကျင့်ရှိသည်။ သူဟာအရင်ဘဝကတည်းက ခင်မင်မှုကိုမြတ်နိုးပြီး အပေါင်းအသင်းများကိုသူ့ဘက်ကသာအနစ်အနာခံပေးခဲ့သည်။သို့သော်လည်း သူ့ကိုတကယ့်စိတ်ရင်းမှန်ဖြင့်ခင်မင်သောသူမှာ တစ်ယောက်မှမရှိခဲ့ပေ။

    သူ့ရဲ့ ပစ္စည်းဥစ္စာများကိုသာ မက်မော၍ လာတွယ်ကပ်ကြ‌‌ေသာ အတုအ‌ေယာင်များသာရှိခဲ့သည်။သူက ထိုလူများ၏ မျက်နှာအစစ်အမှန်အား သိရှိသွားသောအခါ အပေါင်းအသင်းမလုပ်တော့ပဲ သူ့ရဲ့မိသားစုကိုသာ အချိန်ပေးတွယ်ကပ်နေခဲ့တော့သည်။နောက်ထပ်အပေါင်းအသင်းရှာရန်လည်းစိတ်မဝင်စားတော့ချေ။

        ကူးပြောင်းလာပြီးနောက် သူဟာရှောင်မိသားစုနှင့် ခပ်ခွာခွာနေရန်ဆုံးဖြတ်ခဲ့သည်။ ရှောင်မိသားစုက မူလရှောင်ရှင်းယွီကို အလိုလိုက်ပြီး အလွန်ချစ်သောကြောင့် ရှောင်ရှင်းယွီ၏အကျင့်များကိုလည်းသိကြမည်ဖြစ်သည်။အရင်ရှောင်ရှင်းယွီ၏ အကျင့်စရိုက်များမှာ သူနှင့်မတူညီပေ။ သူတို့ရဲ့ သားလေးက အရင်ကနဲ့မတူတော့ရင် သံသဃဝင်လာကြမည်ဖြစ်သည်။ထိုအခါသူရှင်းပြနိုင်မည်မဟုတ်‌ပေ။

       သို့သော် သူက အရင်ကရင်းနှီတဲ့သူမဟုတ်တဲ့ လူအသိနည်းနည်းပါးပါးရှာထားရန် ဆုံးဖြတ်ထားခဲ့သည်။သူအနိုင်ကျင့်ခံရရင် သူ့ဘက်ကဝင်ပါပေးမဲ့ သူရှိ‌ေနရင်ပိုမကောင်းဘူးလား။

     ဒုတိယအကိုနှင့်တတိယအကိုတို့လက်ထပ်လိုက်သောအခါ မူလရှောင်ရှင်းယွီကသူ့အကိုများ၏အချစ်ကိုခိုးယူသွားသောသူ့ယောင်းမနှစ်ယောက်ကို မကျေနပ်ချေ။သို့သော်လည်းရန်မရှာပဲ သူ့ယောင်းမများကိုလည်း တွေ့မခံပေ။ထမင်းစားချိန်နှင့်မိသားစု စုဝေးချိန်တို့တွင်သာ မျက်နှာချင်း ဆိုင်ကြရသည်။ စတုတ္ထအကိုလက်ထပ်သောအခါ သူက လီရှန်းနှင့်လက်ထပ်လိုက်ပြီး ရှောင်မိသားစုကို ပြန်မလာသောကြောင့်
စတုတ္ထယောင်းမနှင့်မတွေ့ဖူးပေ။

       ထို့ကြောင့် သူ့အကြောင်းသိပ်မသိကြသော ယောင်းမများကို အရင်ရင်းနှီးရန် ဆုံးဖြတ်လိုက်သည်။ ဒါအပြင်သူ့တို့က ယောင်းမတွေပဲ့လေ ။အခြားလူတွေထက်ပိုကောင်းတာပေါ့။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now