အပိုင်း [ 19 ]

990 126 10
                                    

       
" ကောင်းသားပဲ့  မနက်ဖြန်ကျရင် ရွာအကြီးအကဲအိမ်ကိုသွား‌ေပြာကြမယ်""

" ကောင်းပါပြီ"

           ‌ေပါင်းမြက်များနုတ်လိုက် သစ်ပင်စိုက်လိုက်ဖြင့် သစ်ပင်များအားလံုးစိုက်ပြီးသွားသောအခါ ညနေစောင်းနေပြီဖြစ်သောကြောင့် ဆက်မနုတ်တော့ပဲအိမ်သို့ပြန်လာခဲ့လိုက်ကြသည်။ လီရှန်းကချောင်းထဲသို့ငါးဖမ်းရန်ထွက်သွားပြီး ရှောင်ရှင်းယွီက အိမ်နောက်ဖေးစိုက်ခင်းထဲသို့သွားကာ ရင့်နေသောမုန်လာဥဖြူများနှင့်‌ေဂါ်ဖီထုပ်များကို နုတ်လိုက်ပြီး အသီးအရွက်ချဉ်စိမ်ရန်လုပ်လိုက်သည်။

      ထို့နောက် စိုက်ခင်းထဲတွင်ပေါက်နေသော ပေါင်းမြက်ပင်ငယ်လေးများကိုနုတ်လိုက်ပြီး စိုက်ခင်းထဲမှကျန်ရှိနေသော အပင်များကိုကြည့်လိုက်သည်။ စိုက်ခင်းထဲတွင် ငရုတ်ပင် 20ပင်၊ ခရမ်းချဉ်သီး 10ပင်ခန့်နှင့် ဂေါ်ဖီထုပ်20ကျော်ခန့်ရှိပြီး မုန်လာဥဖြူများမှာ ကျင်းတစ်ဝက်ခန့်ရှိနေသေးကာ ကြက်သွန်မြိတ်များမှလည်းတစ်ကျင်းခန့်ရှိနေသည်။မစိုက်ပဲထား‌ေသာ မြေလွတ်များမှာလည်းအများကြီးရှိနေသေးသည်။ ရှောင်ရှင်းယွီကပေါက်နေသော ပေါင်းမြက်များကို နုတ်ချင်သော်လည်း လက်များနီရဲပြီးစပ်နေပြီ ဖြစ်သောကြောင့်မနုတ်တော့ချေ။ လီရှန်းကိုနုတ်ခိုင်းရင်လည်းရတာပဲ့လေ!

      ‌ခွောကျ‌သှေ့‌နေ‌သော ငရုတ်ပင်အနည်းအငယ်ကိုနုတ်ပစ်လိုက်ပြီး စုပုံထားလိုက်သည်။ ထို့နောက် ငရုတ်သီးမှည့်အလုံး30ခန့်ခူးကာ
အစေ့များကို ငရုတ်ပင်များအနီးရှိမြေလွတ်ကိုတူးရွင်းဖြင့် အနည်အငယ်ပြန်ဆွလိုက်ပြီး ကြဲချလိုက်သည်။ ထို့နောက်မြို့မှဝယ်လာသောမျိုးစေ့ထုပ်များကိုသွားယူလိုက်ပြီး လွတ်နေသောကျင်းများကို မြေပြန်ဆွလိုက်ကာ ဝယ်လာသောမျိုးစေ့များမှ အားလုံးကို တစ်မျိုးကိုတစ်ရာစီယူကာစိုက်လိုက်ပြီး ကျန်မျိုးစေ့များကိုသေချာပြန်ထုပ်ကာ မီးဖိုချောင်ရှိ ဗီရိုအောက်ဆံုးအထပ်တွင်ထည့်ထားလိုက်သည်။

           ထို့နောက်ပေါက်စီလေးများကိုခေါ်ကာေရချိုးပေးလိုက်ပြီး သူကိုယ်တိုင်လည်းဝင်ချိုးလိုက်သည်။ ရေချိုးကြပြီး သောအခါ ပေါက်စီလေးများကို အဝတ်အစားလဲပေးကာ ညစာချက်ရန်မီးဖိုချောင်သို့ဝင်လာလိုက်သည်။ အရင်ဆုံး ထမင်းချက်လိုက်ပြီး မြို့မှဝယ်လာသောတို့ဖူးနှင့်ရေညှိခြောက်ကို စွပ်ပြုတ်ချက်ရန်စဉ်းစားလိုက်ပြီး ရေညှိခြောက်အနည်းအငယ်ကို လှီးဖြတ်ကာရေစိမ်ထားလိုက်သည်။ ရေညှိခြောက်များမှာ သေချာသန့်စင်ထားပြီး အပြားများလုပ်ထားသဖြင့် ထပ်သန့်စင်စရာမလိုပဲ အသင့်စား၍ရသည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now