အပိုင်း [ 15 ]

971 110 8
                                    

         သူတို့နေ့လည်းစာစားပြီးသောအခါ ရှောင်ရှင်းယွီက သူခူးလာခဲ့သော ပိန္နဲသီးကို အခွံခွာလိုက်ပြီး အထဲမှအသားများကိုထုတ်ကာပန်းကန်ပြားထဲသို့ ထည့်လိုက်သည်။အ‌ေစ့များကို‌ေတာ့ မီးဖိုထဲသို့ထည့်လိုက်ကာ ပြာမှုန့်များဖြင့် လှိုမ့်လိုက်ကာ မီးဖိုနံဘေးတွင်ပုံထားလိုက်သည်။ထို့နောက် လီရှန်းထိုင်နေသော အိမ်ရှေ့စားပွဲပေါ်တွင်ချကာ ပေါက်စီလေးများကိုလည်း ကျွေးရန်ခေါ်လိုက်သည်။

"လီရှန်း အသီးစား ရှောင်ချန် ရှောင်ဟွာ အသီးလာစားကြ"

"ဟုတ်ကဲ့ ဖေဖေ"

       အိမ်ထဲတွင် ပတ်ပြေးကာ ကစားနေကြသော ပေါက်စီလေးများမှာ သူတို့ဖေဖေ၏ အသီးဟူသောခေါ်သံကြောင့် ဆက်မကစားကြတော့ပဲ ပြေးလာကြသည်။ လီရှင်းဟွာလေးက ပန်ကန်ပြားအထဲရှိ ပိန္နဲသီးအသားများအား စူးစမ်းကြည့်ကာ ရှောင်ရှင်းယွီအားမေးလိုက်သည်။
     

"ဖေဖေ အဲဒါ ဘာအသီးလဲဟင်"

" အဲတာက ပိန္နဲသီးလေ စားကြည့်အရမ်းချိုတယ်"

       ထို့‌ေနာက် ရှောင်ရှင်းယွီက လီရှန်းအားမေးလိုက်သည်။

" လီရှန်း ခဗျားမြို့ကိုဘယ်အချိန်လောက်သွားမှာလဲ "

" ယွီယွီ အဆင်သင့်ဖြစ်ရင်သွားကြတာပေါ့ "

" ဒါဆို ခဏနေရင်သွားကြမယ် "

" ကောင်းပါပြီ ယွီယွီ"

        ထိုအခါ ပေါက်စီလေးများ ရှောင်ရှင်းယွီ၏ အင်္ကျီစအားဆွဲကာ သူတို့ကိုလည်း မြို့ခေါ်သွား ချွဲနေကြတော့သည်။

" ဖေဖေတို့ မြို့ပေါ်ကိုသွားကြမှာလား သားတို့လည်းလိုက်ချင်တယ်‌~"

   
        ရှောင်ရှင်းယွီတစ်ယောက် မလိုက်ရန်ပြောချင်သော်လည်း သူပေါက်စီလေးများ၏ ချွဲအီအီအသံလေးများနှင့် puppy eye လေးများကြောင့် မငြင်းနိုင်တော့ပေ။ထို့နောက် ရှောင်ရှင်းယွီတစ်ယောက် လီရှန်းအား ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ထိုအခါ လီရှန်းက .....

" ယွီယွီ ခေါ်သွားချင်ရင်လဲ ခေါ်သွားလေ"

" ဒါဆိုရင်လဲကောင်းပါပြီ လိုက်ခဲ့ကြ ဒါပေမဲ့ လျှောက်မပြေးရဘူးနော် "

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now