အပိုင်း [ 14 ]

1K 121 6
                                    

       ကျင်းကော၏စကားကြောင့် ရှောင်ရှင်းယွီ တစ်ယောက်ခတ္တဆွံ့အသွားတော့သည်။ ဘယ်လိုခေါ်လိုက်တယ်? လီကောကော!?

     ထို့နောက်သူလည်း ကျင်းကောအား သေချာအောင်ပြန်မေးလိုက်သည်။

" ခဏ မင်းကလီရှန်းကိုဘယ်လိုခေါ်လိုက်တာ "

" လီကောကောလို့ ခေါ်လိုက်တာလေ သောက်ငတုံးကောင် နင့်ကြောင့်သာမဟုတ်ရင် လီ‌ေကာ‌ေကာ ကငါ့ကိုသဘောကျမှာ"

         ကျင်းကောသည် ငယ်စဉ်ကတည်းက လီရှန်းအားသဘောကျခဲ့သည်။မဖြူမညိုအသားအရေ ချောမောလှသောမျက်နှာမြင့်မားသောအရပ် သန်မာကြံ့ခိုင်သောခန္ဓာကိုယ်ကြောင့် ရွာထဲကကောတော်တော်များများကလည်း သဘောကျကြသည်။ သို့သော်လည်း လီရှန်း၏ ကြောင်တောင်တောင် အမူအယာများ၊ လူများကို‌ ရှောင်တတ်သောအကျင့်များကြောင့် ရွာရှိလူများက သူ့အားအရူးဟုခေါ်ကြပြီး ကောမိဘများက သူတို့၏ ကလေးများအား လီရှန်းနှင့်ဝေးဝေးနေရန် ဆုံးမကြသည်။ အရင်ချိန်တုန်းက ကျင်းကောသည် လီရှန်းအားအမြ‌ဲချီးကပ်ရန်ကြိုးစားဖူးသည်။ သို့သော်လည်း လီရှန်းသည် ကျင်းကောအား ရှိတယ်လို့တောင်မမြင်ပေ။

    ထို့နောက် ရှောင်အိမ်က ရှောင်ရှင်းယွီအား လီရှန်းနှင့် လက်ထပ်ပေးလိုက်သောအခါ ချင်းကောတစ်ယောက် ရှောင်ရှင်းယွီအားမုန်းတီးမိသော်လည်း အချိန်ကြာလာသောအခါ ‌ထိုကိစ္စအားမေ့လျော့သွားခဲ့သည်။ သို့သော်လည်း ယနေ့တွင်တော့ လီရှန်းသည် ရှောင်ရှင်းယွီအား ဤမျှလောက်ကြီးသော တောဝက်ကြီးတစ်ကောင်ကို အမဲလိုက်ပေးခဲ့သည်။ အကယ်၍ အရင်ကလီရှန်းနှင့်လက်ထပ်ခဲ့သူမှာ သူဖြစ်ခဲ့ရင် အခုဒီတောဝက်ကြီးက သူ့အပိုင်ပဲ့ဖြစ်လိမ့်မယ်!

"ရှောင်ရှင်းယွီ ငတုံးကောင် အားလုံးနင့်ကြောင့်"

     ကျင်းကောတစ်ယောက် ရှောင်ရှင်းယွီအား မနာလိုခြင်းကြီးစွာကြည့်ပြီး သူ့မျက်နှာအားရိုက်ရန် ပြေးလာတော့သည်။ ရှောင်ရှင်းယွီတစ်ယောက်ကတော့ ဘာမဟုတ်သည့်ကိစ္စများနှင့် ပြဿနာတက်လိုက် အချစ်ပြိုင်ဘက်မဟုတ်တဲ့ အချစ်ပြိုင်ဘက်နှင့်တွေ့လိုက်ဖြင့် စိတ်ကုန်စွာ မျက်လုံးများပင် လှန်ရလွန်းသဖြင့်ကောင်းကင်ပေါ်သို့ ရောက်လုနီးပါးပင်ရှိနေ     ‌ပြီဖြစ်သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now