အပိုင်း [ 16 ]

924 103 4
                                    



      ထို့နောက် သူတို့သည် ခြံတံခါးကိုသေချာသော့ပိတ်ခဲ့ပြီး ရွာမှထွက်လာခဲ့ကြသည်။ပေါက်စီလေးများကလှည်းမောင်းနေသောလီရှန်းဘေးတွင်ထိုင်ကြပြီး ရှောင်ရှင်းယွီကတော့လှည်းနောက်ဖျားတွင်ထိုင်လိုက်သည်။လှည်းမှာကြီးသော်လည်း တောဝက်ကြီးကလှည်း၏ သုံးပုံနှစ်ပုံကျော်ကိုနေရာယူထားတာကြောင့် ရှောင်ရှင်းယွီမှာလှည်းနောက်ဖျားတွင် ကပ်ထိုင်နေရသည်။

         ရွာမှထွက်လာရာ လမ်းတစ်လျှောက်တွင်မည်သည့်လူမှမတွေ့ပဲ သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်း၍နေလေသည်။ သို့သော်လည်း နယ်မြေငြိမ်းချမ်းသောကြောင့် သူခိုးဓါးမြရန်များကိုကြောက်စရာမလိုပေ။မြို့သို့ဝင်ခါနီးတွင် ပေါက်စီလေးများက ဗိုက်ဆာသည်ဟု ပြောလာကြသဖြင့် သူတို့လှည်းအားခဏရပ်နားလိုက်ကာ အိမ်မှယူလာခဲ့သောရေများနှင့် ငုံးဥပြုတ်အနည်းအငယ်ကို စားလိုက်ကြသည်။ပြဿနာများကိုရှောင်ရန်အတွက် တောဝက်ကြီးအားသစ်ခက်များဖြင့်လံု‌ေအာင်ဖုံးလိုက်ကြသည်။ထို့နောက်မြို့တွင်းသို့ဝင်ကာယခင်က တောကောင်ရောင်းခဲ့သောဆိုင်သို့တန်းသွားလိုက်ကြသည်။

        ဆိုင်အတွင်းသို့ဝင်သွားသောအခါ တာဝန်ခံကျိုးက လီရှန်းကိုမြင်သည်နှင့်အမြန်ရောက်လာပြီး နှုတ်ဆက်လိုက်သည်။

" မုဆိုးလီပါလား ဒီတစ်ခါဘာတောကောင်များရခဲ့တာလဲ"

" တောဝက်ပါ"

      လီရှန်း၏စကားကိုကြားသောအခါတာဝန်ခံကျိုးက ဝမ်းသာအားရပြောလာသည်။

   " မုဆိုးလီကအရမ်းတော်တာပဲ့ သာမာန်လူဆို တောကောင်သေးသေးလေးတွေတောင်ရဖို့မလွယ်ကြဘူးလေ ဒါဆိုကျုပ်တို့သွားကြည့်ကြရအောင်"

" ကောင်းပါပြီ"

         ထို့နောက် လီရှန်းကတောဝက်ကြီးအားပြရန်တာဝန်ခံကျိုးကိုလှည်းဆီသို့ခေါ်လာခဲ့လိုက်သည်။ရှောင်ရှင်းယွီ နှင့်ပေါက်စီလေးများက လှည်းကိုစောင့်ကြည့်ရန်နေခဲ့လိုက်ကြပြီး လီရှန်းတစ်ယောက်တည်းလွှတ်လိုက်သောကြောင့် တာဝန်ခံကျိုးက ရှောင်ရှင်းယွီမပါလာဟုထင်ပြီး ဝမ်းသာအားရဖြစ်ကာ တောဝက်မှရမည့်အမြတ်ငွေတုံးများကိုကြိုတင်တွက်ချက်နေခဲ့သည်။သို့သော်လည်း ကလေးနှစ်ယောက်နှင့်လှည်းပေါ်တွင်ထိုင်နေသော ရှောင်ရှင်းယွီအားမြင်လိုက်ရသောအခါ တာဝန်ခံကျိုးမှာမပျော်တော့ပေ။ ဒီကောက ဘယ်လိုလုပ်ပြီးပါလာပြန်တာလဲ!!

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now