အပိုင်း [ 13 ]

977 117 10
                                    

နာရီဝက်လောက်ကြာပြီးနောက် ရှောင်ရှင်းယွီတစ်ယောက် လီရှန်းထွက်ပြေးသွားသည့်ဘက်သို့ လိုက်သွားချင်သော်လည်း နေရာလွဲသွားမည်စိုး၍ မလိုက်သွားရဲချေ။ ထိုနေရာအနီးအနားမှာပဲ့ လျှောက်ကြည့်ပြီးစောင့်နေလိုက်သည်။ တစ်အောင့်လောက်ကြာသောအခါ လီရှန်းတစ်ယောက် အပေါ်ပိုင်းဗလာနှင့် တောဝက်ကြီးအားထမ်းပြီး တစ်စုံတစ်ခုအား အင်္ကျီဖြင့်ထုပ်ကာ ခြုံတောအတွင်းမှ ထွက်လာလေသည်။ ရှောင်ရှင်းယွီလည်း လီရှန်းအားမြင်သည်နှင့် အမြန်ပြေးသွားကာ ဒဏ်ရာရမရ စစ်ဆေးကြည့်လိုက်သည်။

" ခဗျား ဒဏ်ရာရလာသေးလား ဘာဖြစ်လို့ဒီလောက်ကြာနေရတာလဲ"

လီရှန်းက ခေါင်းခါပြပြီး လက်ထဲမှအထုပ်အားပေးလာလေသည်။

" ကိုယ်ဒဏ်ရာမရပါဘူး ကိုယ်ငှက်အသိုက်တွေတွေ့ပြီး ငှက်ဥတက်ရှာနေလို့ကြာနေတာပါ"

ရှောင်ရှင်းယွီလည်း လီရှန်း၏ကိုယ်အားအပြန်အလှန်စစ်ဆေးပြီး ဒဏ်ရာမတွေ့သောအခါမှ စိတ်အေးသွားရတော့သည်။ထို့နောက် အထုပ်အားဖွင့်ကြည့်လိုက်သောအခါ အဖြူအမဲကွက်ကြားနှင့် ဥသေးသေးလေးများကိုတွေ့လိုက်ရသည်။

" ဝါး ငုံး‌ဥတွေ? အများကြီးပဲ့"

လီရှန်းသည် ငှက်ဥများကိုကြည့်ကြပျော်ရွှင်နေသော သူ့ဇနီးလေးအားကြည့်ကာ သူသည်လည်း ပျော်ရွှင်သွားရသည်။ ထိုဥများမှာသေးငယ်ပြီး အပြင်ပုံလည်းရုပ်ဆိုးသောကြောင့် တစ်ချို့လူများက မကြိုက်ကြပေ။သို့သော်လည်း လီရှန်းသည် ထိုဥများအားစားဖူးသဖြင့် အရသာကောင်းမှန်းသိပြီး သူ့ဇနီးလေးစားရန် ယူလာပေးခဲ့သည်။

" ကိုယ်တို့ ဒီနေရာက မြန်မြန်ထွက်သွားကြရအောင် သွေးနံ့ကြောင့် အခြားသားရဲတွေကို ဆွဲဆောင်သလိုဖြစ်သွားလိမ့်မယ်"

လီရှန်း၏ စကားကြောင့် ရှောင်ရှင်းယွီလည်း ခေါင်းညိမ့်ထောက်ခံလိုက်ပြီး မြွေကြီးကိုလက်ညိုးထိုးပြကာမေးလိုက်သည်။

" ကောင်းပါပြီ ဒါနဲ့ဟိုမြွေကိုရောဘာလုပ်မှာလဲ "

လီရှန်းလည်း မြွေ‌မှ မြှားအားပြန်နုတ်ယူကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now