အပိုင်း ( 4 )

1.1K 131 12
                                    

                       

     ညနေခင်းရောက်သောအခါ ရှောင်ရှင်းယွီတို့မိသားစု သည် တောထဲသို့ ဝါးခုတ်ရန် သွားကြသည်။ လီရှင်းက သင့်တော်သောဝါးများရှာ၍ခုတ်‌‌ေနပြီး  လီရှင်းချန်နှင့် လီရှင်းဟွာတို့ကတော့ ချောင်းစပ်မှာကစားနေကြသည်။ ရှောင်ရှင်းယွီ ကတော့ ဟိုနားဒီနားလျှောက်ကြည့်နေလိုက်သည်။
  

"လီရှန်း ခဗျား မက်မွန်ပင်တွေဘယ်မှာရှိလဲသိလား"

"တောင်စောင်းတွေဘက်မှာရှိတယ် ယွီယွီ
လိုချင်လို့လားဟင်"

  "အင်း မက်မွန်ပင်က ပန်းပွင့်တဲ့အချိန်ဆိုအရမ်းလှတယ်လေ တစ်ပင်လောက်တူးသွားကြရအောင်"

"ကောင်းပါပြီ ယွီယွီ"

      ‌ထို့နောက် ရှောင်ရှင်းယွီသည် လီရှင်းချန်နှင့် လီရှင်းဟွာ တို့‌ေဆာ့ကစားနေသည့် အနားသို့သွားလိုက်သည်။

 
"ရှောင်ချန် ရှောင်ဟွာ ရေထဲကိုမဆင်းနဲ့နော် အအေးမိလိမ့်မယ်"

"သိပါပြီ ဖေဖေ" 2

        စပ်းချောင်းရှိရေများက ကြည်လင်နေပြီး အောက်ခြေရှိ ကျောက်တုံးများကိုမြင်နေရ‌သည်။ရေထဲတွင် ကူးခပ်နေကြသောငါးကြီးများကိုလည်း မြင်နေရလေသည်။ရှောင်ရှင်းယွီမှာ မနေ့ကငါးကင်အရသာကိုပြန်‌ေတွးမိပြီး ငါးစားချင်လာသော်လည်း ချွေးတစ်ရွှဲရွှဲဖြင့် ဝါးခုတ်နေသော လီရှန်းအားကြည့်လိုက်ကာ ထားလိုက်တော့ အားတဲ့အချိန်မှပဲ့ လာဖမ်းခိုင်းတော့မယ်!

    
    "အရသာရှိတဲ့ငါးလေးတွေရေ မင်းတို့‌ေဖ‌ေဖကိုစောင့်နေနော် ဟီး ဟီး "

      ထိုအခါအနီးအနားတွင် ဆော့ကစားနေကြသော လီရှင်းချန်နှင့်လီရှင်းဟွာလေးတို့သည်....

       "ဟုတ်ကဲ့ ဖေဖေ သားတို့စောင့်နေမယ်နော်~"

ရှောင်ရှင်းယွီ:".........."

      

      ဝါးများခုတ်ပြီးသောအခါ သူတို့သည် မက်မွန်ပင်များ ကိုသွားကြည့်ကြသည်။ သေးငယ်‌ေသာမက်မွန်ပင်များကိုတူးလာခဲ့ကြသည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now