အပိုင်း [ 24 ]

684 116 3
                                    

                  

         ရှောင်ရှင်းယီအိမ်သို့ပြန်ရောက်သောအခါ လီရှန်းကအိမ်ရှေ့တွင်ထိုင်ကာစောင့်နေပြီး သူ့ကိုမြင်သည်နှင့်ထလာကာ ...
      
" ယွီယွီ ပြန်လာပြီလား"

" အင်း ကျွန်တော်နည်းနည်းကြာသွားတယ်"

" အဆင်ပြေပါတယ်"

       ထို့နောက် ပေါက်စီလေးများကိုလျှောက်မသွားကြရန်သေချာမှာလိုက်ပြီးနောက် ခြင်းတောင်းတစ်လုံးစီလွယ်လိုက်ကြပြီး ခြံတံခါးကိုသေချာသော့ခတ်ကာထွက်လာလိုက်ကြတော့သည်။

        တောင်ခြေတွင် ထင်းရှာသောရွာသားများကိုတစ်ယောက်‌စ နှစ်ယောက်စတွေ့ခဲ့ကြသည်။ တဖြည်းဖြည်းတောနက်ထဲသို့ရောက်လာကြသောအခါ လူများမတွေ့တော့ပေ။ ရှောင်ရှင်းယွီက လီရှန်းနောက်ကိုလိုက်နေရင်းမေးလိုက်သည်။

" လီရှန်း ခဗျားကဘယ်ကိုသွားမလို့လဲ တောနက်ကြီးထဲကို သွားဖို့လုပ်နေတာလား"

" မဟုတ်ပါဘူး ကိုယ်ဒရယ်တွေနေတဲ့နေရာကိုတွေ့ထားလို့ပါ သူတို့က သစ်သီးပင်တွေရှိတဲ့နေရာမှာနေကြတာ အဲဒီမှာယွီယွီလိုချင်တဲ့အပင်လဲရှိချင်ရှိ‌ေနနိုင်တယ်လေ"

" အဝေးကြီးလိုသေးလား "

" မဝေး‌ေတာ့ပါဘူး ခဏနေရင်ရောက်တော့မှာ သူတို့က‌ေရတံခွန်နားမှာနေတာ"

        ရှောင်ရှင်းယွီလည်း ရေကျသံတိုးတိုးကိုကြားနေရပြီဖြစ်သောကြောင့် မဝေးတော့ကြောင်းသိလိုက်သည်။

         ထိုစဉ်လသင်းပြပြမွှေးရနဲ့လေးကိုရလိုက်သဖြင့် ဘေးဘီဝဲယာသို့လျှောက်ရှာကြည့်လိုက်သည်။

" ဘာရနံ့လေးပါလိမ့် မွှေးနေတာပဲ့"

   
         ရှောင်ရှင်းယွီ၏စကားကိုကြားသောအခါ လီရှန်းက တစ်နေရာကိုညွှန်ပြပြီးပြောလိုက်သည်။

" အဲဒါကပန်းရနံ့ပါ အပင်တွေကဟိုနားမှာရှိတယ် ယွီယွီလိုချင်ရင်ကိုယ် တူးပေးမယ်လေ"

" ပန်းပင်လား အရင်သွားကြည့်ကြည့်ရအောင်"

    ထို့‌ေနာက် ရှောင်ရှင်းယွီလည်း လီရှန်းညွှန်ပြရာဘက်သို့ ထွက်လာခဲ့လိုက်သည်။လီရှန်းလည်း သူ့ဇနီးလေးအလိုအတိုင်းနောက်မှလိုက်လာခဲ့သည်။

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now