အပိုင်း | 17 |

917 122 4
                                    

      ရှောင်ရှင်းယွီက ပေါက်စီလေးများအဝတ်ရွေးနေကြတာကိုစောင့်ရင်း လူကြီးဝတ်များအထဲမှ လီရှန်းနှင့်အဆင်ပြေလောက်မည့်အဝတ်များကို ရှာကြည့်လိုက်သည်။ မကြာခင်ဆောင်းရာသီကိုရောက်တော့မည်ဖြစ်သည့်အတွက် ဆောင်းရာသီတွင်ဝတ်၍ရရန် နွေးထွေးပြီးခိုင်ခံ့သော အထည်ကိုရွေးရသည်။ထို့‌ေနာက် အနက်နှင့်မီးခိုးတွဲစပ်ထားသောတစ်စုံနှင့် ခရမ်းနှင့်အဖြူတွဲစပ်ထားသောတစ်စုံကိုရွေးလိုက်သည်။

         ပေါက်စီလေးများကလည်း သူတို့သဘောကျသောအဝတ်များကိုယူလာကြသည်။လီရှင်းချန်‌ေလးက အပြာနုရောင်ဝတ်စုံလေးနှင့် ခရမ်းနုရောင်ဝတ်စုံလေးကိုရွေးထားပြီး လီရှင်းဟွားလေးကတော့ အဖြူတွင်အနီရောင်အနားသတ်လေးများပါ‌ေသာတစ်စုံနှင့် အစိမ်းရောင်ဝတ်စုံတို့ကိုအသီးသီးရွေးထားကြသည်။ပေါက်စီလေးမျကသူတို့ရွေးထားသောဝတ်စုံများကို သူတို့ဖေဖေအား ပေးလိုက်ကြသည်။ရှောင်ရှင်းယွီက ပေါက်စီလေးများကိုကြည့်လိုက်ပြီး သေချာအောင်ပြန်မေးလိုက်သည်။

" ရှောင်ချန် ရှောင်ဟွာ ဒီဝတ်စုံတွေကိုယူမှာသေချာရဲ့လား "

" ဟုတ်ကဲ့ ဖေဖေ"

" ဖေဖေသားယူမှာ"

" ဒါဆိုရင်လဲ ကောင်းပါပြီ"

           ရှောင်ရှင်းယွီက ဘေးနားတွင်ရပ်စောင့်နေသော အရောင်းဝန်ထမ်းကို ပြောလိုက်သည်။

" ဒီဟာတွေကိုတွက်ပေးပါအုံး"

" ကောင်းပါပြီရှင့် ဒီဘက်ကိုလိုက်ခဲ့ပေးပါ"

      
         အရောင်းဝန်ထမ်းမလေးက ရှောင်ရှင်းယွီတို့အား ငွေချေရန် ကောင်တာဘက်သို့ခေါ်လာခဲ့သည်။ကောင်တာဘက်သို့ရောက်သောအခါ ရှောင်ရှင်းယွီက သူတို့ဘက်သို့လာနေသောလီရှန်းကိုတွေ့လိုက်သည်။

" ယွီယွီ "

" လီရှန်း ခဗျားဘယ်တွေသွားနေတာလဲ"

" ကိုယ်ဝယ်စရာလေးတွေ့လို့ပါ"

" ဒါဆိုရင်လဲထားလိုက်တော့ နောက်တစ်ခါဆိုရင် ဒီလိုမပြောမဆိုနဲ့မထွက်သွားနဲ့ "

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now