အပိုင်း [ 10 ]

1K 100 6
                                    

    
     သူတို့ အိမ်သို့ရောက်သောအခါ ပေါက်စီလေးများက ဝမ်းသာအားရ ပြေးလာကြပြီး ခြံတံခါးလာဖွင့်ပေးလေသည်။ ထို့နောက် ရှောင်ရှင်းယွီ နှင့် လီရှန်းအား ကပ်ချွဲကာ မုန့်များကို‌ေတာင်းနေတော့သည်။ 

"ဖေဖေ ဖေဖေ မုန့်ပါလားဟင်~"

"ဖေဖေ ဘာတွေပါလဲဟင်"

"ဖေဖေ မင်းတို့အတွက် လမုန့်ဝယ်လာပါတယ်" 

     ရှောင်ရှင်းယွီလည်း ဝယ်လာသော လမုန့်များကို ယူလိုက်ပြီး တစ်ယောက်တစ်ခုစီ ဝေပေးလိုက်သည်။ လီရှန်းက ဝယ်လာသော ပစ္စည်းများကို အိမ်ထဲသို့သယ်ကာ ‌ေနရာချနေသည်။ ရှောင်ရှင်းယွီက လီရှန်းမျက်နှာမှ‌ေချွးများကိုသုတ်ပေးလိုက်ပြီး ...

"ခဏလောက်နားပါအုံး နွားလှည်းကခဏနေမှသွားပို့လည်းရတာကို"

"ကောင်းပါပြီ ယွီယွီ"

      ထို့နောက်ရှောင်ရှင်းယွီ က လီရှန်းကို ရေတစ်ခွက်ခပ်‌ေပးပြီး လမုန့်နှစ်တုံး ပေးလိုက်ပြီးနောက် .....

"ဗိုက်ဆာနေလား စားလိုက်အုံး"

"ယွီယွီလည်းစား "

" ကျွန်တော် လမုန့်မကြိုက်ဘူး ခဗျား စားမှသာစားစမ်းပါ!"

          လီရှန်းတစ်ယောက် သူ့အားလမုန့်များပေးကာ နားရွက်များနီကာ အော်ပြီးထထွက်သွားသော ဇနီးလေးအား ကြည့်ကာ နားမလည်စွာကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ပြန်နမ်းကြည့်လိုက်သည်။ ယွီယွီထွက်ပြေးသွားတာ ငါ့ကိုယ်ကချွေးနံ့များနံနေလို့လား?? မဖြစ်ဘူး ရေမြန်မြန်သွားချိုးရမယ်! ထို့နောက် ရှောင်ရှင်းယွီပေးခဲ့သောလမုန့်နှစ်ခုကို မြတ်နိုးစွာပြန်ထုပ်လိုက်ပြီး သိမ်းထားလိုက်တော့သည်။ယွီယွီပေးထားတာလေး စားပစ်လိုက် လို့မရဘူး~

       ရှောင်ရှင်းယွီတစ်ယောက် အသားများအားချက်ရန် မီးဖိုချောင်သို့ယူလာလိုက်ပြီး  သေစမ်း! အဲဒီလူကြီးက ညစ်ပတ်ပေတူးနေတာကို ဘယ်လိုတောင်ကြည့်ကောင်းနေရတာလဲ!⁄(⁄ ⁄•⁄-⁄•⁄ ⁄)⁄  ဒါပေမဲ့ ငါလေးက လုံးဝ အဖြောင့်ပါနော် ဟွန်းး

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now