အပိုင်း [ 7 ]

1.1K 129 4
                                    

                    

 
       ရှောင်ရှင်းယွီသည် လီရှန်းအားစောင့်ရင်း အရင်က တူးလာခဲ့သောလိမ္မော်ပင်များမှ  မှည့်ဝင်းနေသော လိမ္မော်သီးများကိုခူးနေလိုက်သည်။ အားလုံးခူးပြီးသွားသောအခါ လိမ္မော်သီးခြင်းကြီး နှစ်ခြင်းစာရရှိခဲ့သည်။ ‌အိမ်စားရန်အတွက် အနည်းအငယ်ချန်ထားခဲ့ပြီး ကျန်တာကို ရောင်းရန်ဆုံးဖြတ်လိုက်သည်။ လီရှန်း ပြန်ရောက်လာပြီးနောက် နေ့လည်စာစားကြပြီး မြို့သို့သွားရန်ပြင်ဆင်ကြသည်။

           နေ့လည်အချိန်ဖြစ်သော်လည်း လမ်းတစ်လျှောက်သစ်ပင်ကြီးများ၏အရိပ်များနှင့် အေးနေသောကြောင့် သွားလာရအဆင်ပြေလေသည်။ မြို့သို့ရောက်သောအခါ ရှောင်ရှင်းယွီ တစ်ယောက် သူ ‌ေတွ့ဖူးချင်နေသည့် ရှေးခေတ်လူနေမှုပုံစံများကို ဟိုကြည့်ဒီကြည့်နှင့် စပ်စုနေတော့သည်။ နေမွန်းတည့်အချိန်ဖြစ်နေသော်လည်း မြို့ပေါ်တွင်ဆိပ်ကမ်းရှိသောကြောင့် အခြားမြို့မှလာသောကုန်သည်များ ဈေးရောင်း ဈေးဝယ်သူများဖြင့် စည်ကားနေလေသည်။ သူတို့လည်းပုံမှန် ရောင်းနေကျဆိုင်သို့ ‌မောင်းသွားလိုက်သည်။ဆိုင်ထဲသို့ဝင်သွားသောအခါ ဆိုင်တာဝန်ခံက လီရှန်း ကိုမြင်သည်နှင့် ဝမ်းသာအားရဖြင့်လာ၍နှုတ်ဆက်လေသည်။

" လာလာ မုဆိုးလီ  သားကောင်လာရောင်းတာလား ဒီတစ်ခါရော ဘာကောင်ရခဲ့လဲ  မုဆိုးလီက ပုံမှန်‌ေဖာက်သည်မို့ ကျုပ်တို့က ဈေးပိုပေးမှာပါ ဟား ဟား"

" တာဝန်ခံကျိုး ကျွန်တော့်မှာ ဒရယ် တစ်ကောင်နဲ့ ရစ်ငှက်နှစ်ကောင် ပါတယ်"

"အိုး  ဒါဆိုရင်လဲသွားကြည့်ကြည့်ရအောင်"

          သူတို့ လှည်းဆီကိုရောက်လာတော့ လီရှန်းက ဒရယ်နှင့်ရစ်ငှက်ကိုပြလိုက်သည်။ဆိုင်တာဝန်ခံက ‌အ‌ေကာင်ကြီးပြီးလတ်ဆတ်‌ေန‌ေသာ ဒရယ်အားကြည့်ကာ မျက်လုံးများဝင်းပသွားပြီး ချောင်းတစ်ချက်ဟပ်ပြီး လီရှန်းဘက်လှည့်ကာစိတ်မကောင်းသော လေသံဖြင့်ပြောလိုက်သည်။
  
"အိုင်းယား မုဆိုးလီ မင်းရဲ့ဒရယ်က အကောင်နည်းနည်းငယ်တယ် အဲတာကြောင့် ငွေ‌တုံး နှစ်ဆယ်ပဲ့‌ပေးနိုင်တယ် ရစ်ငှက်ကတော့ တစ်ကောင်ကို ကြေးပြား 20 ပေးမယ် ဘယ်လိုလဲ တစ်ခြားဆိုင်တွေမှာဆို ဒီထက်‌ေစျးနည်းမှာနော် ကျုပ်တို့ကပုံမှန်ဖောက်သည်မို့ပိုပေးတာပါ"

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now