အပိုင်း [ 12 ]

1K 103 22
                                    

       မနက်စောစော ရှောင်ရှင်းယွီသည်ပေါက်စီလေးများနှင့် လီရှန်းမနိုးမီ နိုးလာပြီ ပြန်လည်းမအိပ်ချင်တော့သဖြင့် မျက်နှာသစ်ပြီး မနက်စာလုပ်ရန်ထလာလိုက်တော့သည်။ မနက်စာအတွက် ဗီရိုထဲမှမနေ့က အနည်းအငယ်‌ေကြာ်ထားခဲ့သော ဝက်သားများကို သွားယူလိုက်ပြီး နုတ်နုတ်စဉ်းလိုက်သည်။ထို့နောက်စိုက်ခင်းထဲသို့ သွားလိုက်ပြီး  ဂေါ်ဖီထုပ်တစ်ထုပ်ခူးလိုက်သည်။ထို့နောက် ကြက်သွန်မြိက် အနည်းအငယ် ကိုလည်းခူးလိုက်သည်။
ထို့နောက် ဂေါ်ဖီထုပ်တစ်ခြမ်းနှင့်ကြက်သွန်မြိတ်များကို ရေစင်အောင်ဆေးလိုက်ပြီး နုတ်နုတ်စဉ်းလိုက်သည်။

       ထို့နောက် မ‌ေန့ကဝယ်လာခဲ့‌ေသာ ဂျုံမှုန့် တစ်ကျင်ခန့်ယူလိုက်ပြီး ဖက်ထုပ်ရွက်များလုပ်လိုက်သည်။ထို့နောက် နုတ်နုတ်စဉ်းထားသောဝက်သား ဂေါ်ဖီထုပ်နှင့်ကြက်သွန်မြိတ်များကို သကြား၊ငံပြာရည်၊ဆားအနည်းအငယ်စီထည့်လိုက်ပြီးသမအောင်မွှေလိုက်သည် ။

     
        ရှောင်ရှင်းယွီတစ်ယောက် ဖက်ထုပ်စားချင်သောကြောင့် ပါဝင်ပစ္စည်းများမစုံလင်သော်လည်း ရှိတာနှင့်သာ လုပ်လိုက်ရလေသည်။ ထို့နောက် ဖက်ထုပ်ရွက်များကို အစာသွပ်လိုက်ပြီး ဖက်ထုပ်လေးများ ထုပ်လိုက်သည်။ ထို့နောက် ဝါးဇကာပေါ်တွင် အစီအရီတင်လိုက်ပြီး ဒယ်ထဲသို့ရေအနည်းအငယ်ထည့်ကာ အဖုံးပိတ်ပြီးပေါင်းလိုက်သည်။

       ထို့နောက် ဂေါ်ဖီထုပ်တစ်ခြမ်းကိုလည်းဟင်းချိုချက်လိုက်သည်။ တောင်ပေါ်သွားလျှင်အပြန် မွန်းတည့်မည်ဖြစ်၍ ‌ပေါက်စီလေးများ ဗိုက်ဆာမနေစေရန် ‌ေန့လည်စာအတွက် ဝက်သားများနှင့် ကြာစွယ်အနည်းအငယ်ကို အပြားလေးများလှီးလိုက်ပြီးကြက်သွန်မြိတ်အနည်းအငယ်နှင့် ကြော်ထားလိုက်သည်။အားလုံးပြင်ဆင်ပြီးသောအခါ ပေါက်စီလေးများနှင့် လီရှန်းမှာနိုးလာပြီဖြစ်ပြီး မနက်စာစားရန်အတွက် စောင့်နေကြလေသည်။

    ရှောင်ရှင်းယွီက ဖက်ထုပ်နှင့် ဟင်းချိုများကို ချပေးလိုက်သောအခါ ပေါက်စီလေးများက အံ့ဩစွာကြည့်လာလေသည်။ထို့နောက် လီရှင်းဟွာလေးက..

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now