အပိုင်း | 18 |

829 113 4
                                    

    "နောက်ထပ် တဆေးဝယ်ရအုံးမယ် ကုန်ခြောက်ဆိုင်ကိုသွားကြရအောင်"

" ကောင်းပါပြီ ယွီယွီ "

          ထို့နောက် ကုန်ခြောက်ဆိုင်သို့သွားကာ တဆေးဝယ်ကြသည်။ ရှောင်ရှင်းယွီသည် မူလကအနည်းငယ်သာဝယ်ရန်စဉ်းစားထားသော်လည်း လိုလိုမယ်မယ်ရအောင်ပိုဝယ်လိုက်သည်။ဆိုင်ထဲတွင် ရေညှိခြောက်အပြားများကို တွေ့သောကြောင့် မေးကြည့်ရာ ဈေးချိုသောကြောင့် တစ်စည်းဝယ်ခဲ့လိုက်သည်။ထို့နောက် ကြက်ဥအလုံးနှစ်ဆယ်ကိုလည်းဝယ်လိုက်သည်။

          လိုအပ်သည်များကို ဟိုပြေးသည်ပြေးဝယ်ကြပြီးနောက် ပေါက်စီလေးများက ဗိုက်ဆာသည် ဟုပြောလာသဖြင့် စားသောက်ဆိုင်တစ်ဆိုင်တစ်ဆိုင် သို့ဝင်လိုက်ကြသည်။ထို့နောက် ပေါက်စီလေးများကိုမေးလိုက်သည်။

" ရှောင်ချန် ရှောင်ဟွာ ဘာစားကြမလဲ ခေါက်ဆွဲလား ဖက်ထုပ်လား "

" ဖက်ထုပ်စားချင်တယ် ဖေဖေ"

" ကောင်းပါပြီ လီရှန်း ခဗျားရော ဘာစားမလဲ"

" ယွီယွီကြိုက်တာမှာလိုက်"

" ဒါဆိုလဲ ကောင်းပါပြီ"

          ထို့နောက်စားပွဲထိုးလေးတစ်ယောက်ကိုခေါ်ကာ အသားဖက်ထုပ်ပြုတ်နှစ်ပွဲနှင့် ဝက်သားပါသောခေါက်ဆွဲနှစ်ပွဲမှာလိုက်သည်။ ဘေးစားပွဲမှ ပဲနို့မှာသောအသံကိုကြားတာကြောင့် မေးလိုက်သည်။

" မင်းတို့ဆိုင်မှာနို့ရလား"

"ဟုတ်ကဲ့  နွားနို့နဲ့ပဲနို့နှစ်မျိုးရပါတယ်ခဗျား"

" ပဲနို့တစ်ကရားနဲ့ နွားနို့နှစ်ကရားပေးပါ"

" ဟုတ်ကဲ့ပါခဗျား"

   
         ခဏအကြာစားပွဲထိုးလေးက မှာထားသည်များကို လာချပေးပြီး....

" အသားဖက်ထုပ်ပြုတ်ကနှစ်ပွဲကို ကြေးပြား 25ပြားပါ ခေါက်ဆွဲပြုတ်က တစ်ပွဲကိုကြေးပြား 30ပြားပါ ပဲနို့ကရားက ကြေးပြား15ပြားပါ  နွားနို့ကရားကတော့ ကြေးပြား 20ပြားပါ အားလုံးပေါင်း ကြေးပြား 165ပြားပါခဗျား"

          
          ထို့နောက်ငွေရှင်းလိုက်ပြီးစစားကြတော့သည်။ခေါက်ဆွဲပြုတ်ကဈေးကြီးသော်လည်း အသားအများကြီးပါပြီးကြက်ဥပါသောကြောင့် ပေးရတာတန်သည်ဟုပြောရမည်။ ပဲနို့ကိုတစ်ခွက်စီငှဲ့ပြီး ပေါက်စီလေးများနှင့် လီရှန်းကိုပေးလိုက်သည်။နွားနို့ကိုတော့ ရေထည့်လာသောဝါးဆစ်ထဲသို့ထည့်လိုက်သည်။နွားနို့မှာကျိုချက်ထားပြီးသားဖြစ်သောကြောင့် အထားခံသည်။ညကျရင်ပူတင်းအိအိလေးလုပ်စားရမယ်!

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now