(ဂွက်ထော်ရွာတောင်ပိုင်း)
မရုံးခင်ဆွေးအပေါင်ဆိုင်လေး၌ လူနှစ်ယောက်အချေအတင်ဖြစ်နေကြ၏"ပုံတိုင်းဆောင် မင်းမလွန်လာနဲ့နော်"
"ဒါဆို မပေါင်နဲ့ပေါ့ဗျာ လာပေါင်တဲ့ ပုဆိုးက သန့်လားမသိ မသန့်လားမသိနဲ့ လိုချင်တော့
၅၀၀၀ ...ကုန်းလိုက်လေ ဖင်အရှည်ကြီးကုန်းလိုက် "ပုဆုံးပုံစံလေးက အိတ်လေးနဲ့ကို မထုတ်ရသေးသည့် ပုံစံ ဒါကိုဈေးကိုင်နေတာ သူ့အဖေ အတိုင်းပါလေ။
"ဒီပုဆိုးက ၁၂၀၀၀ ကွ ငါဝတ်တောင်မဝတ်ရသေးဘူး ၁၀၀၀၀ မပေးရင်တောင် ထက်ဝက်ဈေးတော့ပေး "
"မရဘူး ၅၀၀၀ ဘဲရမယ် ယူချင်ယူမယူချင်သွား မတားဘူး "
ပုံတိုင်းဆောင် တစ်ယောက် လာပေါင်တဲ့ သူ၏ မျက်နှာတောင်မကြည့်ဘဲ ချောင်းတစ်ဟန့်ဟန့်နဲ့ သာ ခပ်ပြတ်ပြတ်ပြော၏
"မယူဘူး ကွာ ဟိုမှာ မင်းအဘတစ်ခိုင်စွန်း လာပြီသူ့ဆီမှာပေါင်မယ် "
"ပေါင်ပေါ့ "
"ပုံတိုင်းဆောင် ဘာတွေ ဖြစ်နေတာလဲ မင်းကရော ဘာလာပေါင်တာလဲ "
"ဦးကြီးကျုပ်က ပုဆိုးလာပေါင်တာ ဒါကို
ပုံတိုင်းဆောင်က ဈေးဖြတ်နေတာ ကျုပ် ပုဆိုးက ၁၂၀၀၀ တန်တာကို ၅၀၀၀ ဘဲယူတဲ့""ပြစမ်း ပုဆိုး "
ပုဆိုးကို ကိုယ်တိုင်ဖွင့်ကြည့်ပြီး အနံ့ပါရူလိုက်သေး၏
"ငါ့သား မှန်တယ် ၅၀၀၀ ပေးတာတောင်များတယ် မင်းဟာကကော်နံ့တွေနဲ့ စက္ကူကလဲ ဆွေးနေတာ ဖုံတွေလည်းတက် ဘာကိုအသစ်လဲ ၄၀၀၀ ဘဲယူ "
"ပေး ပေး ပေးပါတော့ ကျုပ်ထန်းရည်သောက်ချင်နေပြီ"
"အဘ သူ့ကို ၄၀၀၀ ဘဲပေးလိုက်တော့ "
"ပုံတိုင်းဆောင် အခုနကကျ ၅၀၀၀ ဆို"
"ကျုပ်ဈေးဖြတ်တုန်းက ခင်များမှ မယူတာ အခု အဘ ဖြတ်တဲ့အတိုင်းဘဲယူတော့ "
"မရဘူးကွာ ၅၀၀၀ လောက်တော့ပေး"
ပုံတိုင်းဆောင် မျက်နှာ ရူံ့ပြီး ၅၀၀၀ တန်လေးထုတ်ပေးလိုက်ပေမယ့် ဦးတစ်ခိုင်စွန်းကတော့ ၅၀၀၀ တန်ကို ဆွဲယူလိုက်ပြီး
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။