27(Unicode)

3.4K 180 4
                                    

ထိုအဘ၏ ပြောပုံအရဆို ဒေါက်တာရန်ရှင်းစွာက သူထင်သလိုမဟုတ်ခဲ့ပေ။

"‌ဆရာဝန်လေး ခလေးအခြေနေကရော "

"တိုးတက်လာပါတယ်ဗျ နဂိုတည်းက သိပ်မှမဆိုးသေးတာ "

"ကျေးဇူးတင်ပါတယ်ရှင် ဒါနဲ့ညနက်နေတာကြောင့် တစ်ညလောက်အိပ်သွားပါအုန်းလား"

တညလောက်ကဘာမှမဖြစ်ပေးမယ့်
ကိုယ့်သာ တစ်ဖက်သူရဲ့ အဖြစ်ကိုမကြည့်ဘဲ တစ်ဇွတ်ထိုးလုပ်လိုက်ရင် သူကြိုက်မှာမဟုတ်လောက်တာကြောင့် မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေရ၏

"ကျွန်တော်အဆင်ပြေပေမယ့် ကိုကိုက "

"ရတယ် ကျွန်တော် ဒီမှာတစ်ညလောက်အိပ်ကြရအောင် "

"ဟုတ်ပြီရှင့် ဒါဆို ကျွန်မလွတ်နေတဲ့နေရာလေးမှာ အိပ်ယာခင်းပေးထားပါ့မယ်ရှင့်"

"ကျေးဇူးပါဗျ"

အိမ်ရှင်ပြန်ထွက်သွားတာနဲ့ ကိုကို့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပေမယ့် ကိုကိုကတော့သူ့ကိုမကြည့်သေးပေ။

"ကိုကို ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"

"ခင်များကလူကောင်းဘဲ တောင်းပန်ပါတယ် ခင်များကို ကျွန်တော်က လူလိုနားမလည်ဘဲ တစ်ဇွတ်ထိုး တစ်ကိုယ်ကောင်းသမားလို့ထင်နေခဲ့တာ "

"ဪ ရစရာကိုမရှိတော့ပါလား"

အရင်ကတော့ ဒေါက်တာရဲ့ အပြုံးက ကျွန်တော့်အတွက် ကျက်သရေမရှိပေမယ့်
အခုတော့ ဘယ်လိုခံစားရလဲမသိတော့ပါ။

ညအခါကိုရောက်တဲ့အခါ
သစ်ပင်သစ်တောတွေ အုံလိုက်ရှိနေတာကြောင့် အိမ်ရှေ့က ကွပ်ပျစ်လေးမှာထိုင်တဲ့အချိန်တွေဆို အပေါ်ကို မော့ထားလိုက်လျှင်
ကြယ်လေးတွေက သိပ်ကိုလှသည်။

"ကြယ်လေးတွေကသိပ်ကိုလှပါလား"

"အင်းကိုကိုနဲ့တူလို့လေ "

"....."

"ကိုကိုသိလား "

"ဘာကိုလဲ "

"ကြယ်တွေကသာ ရည်တွက်လို့ရရင်ရသွားနိုင်မယ် ကိုကို့ကိုချစ်တဲ့ ကျွန်တော်အချစ်တွေကရည်တွက်လို့ရမှာမဟုတ်ဘူး "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now