13(Unicode)

5.8K 346 16
                                    

မနက် 4 နာရီလောက်အထိ အိပ်မောကျနေတဲ့ကောင်လေးရဲ့ဘေးမှာ ခေါင်းပွတ်ပေးနေခဲ့ပေမယ့် ထိုကောင်လေးကတော့ မျက်ရည်ပေါက်လေးတွေက ကျစပြုနေခဲ့သည်။

အိပ်မက်တွေများမက်နေတာလားကွာ။
မင်းရဲ့ အိပ်မက်ထဲမှာမင်းကိုဘယ်သူတွေ သောကပေးနေသလဲ။
ကိုယ်မင်းရဲ့ အိပ်မက်ထဲကိုဝင်လို့ရနိုင်ရင် ဝင်ခဲ့ပြီးကာကွယ်ပေးချင်သည်။

ရွတ်!!!

မနေနိုင်တော့တာနဲ့ နှဖူးလေးကို အသံမြည်တဲ့အထိ အနမ်းပေးလိုက်၏ ဒီတခါပေးရတာတကယ်အားရစရာပါ ။အိပ်နေတဲ့ကောင်လေးအနှောက်အယှက်ဖြစ်မည်ဆိုတာကြောင့်သူနဲ့ဝေးရာမှာဘဲနေပေးသင့်ပါသည်။

ဒေါင်.....

"ဆွမ်းတော်ဗျို!!"

ကိုရင်လေးတို့တောင် ဆွမ်းခံကြွနေပြီဆိုလျှင် အချိန်ကလည်း ‌မိုးလင်းနေလောက်သည် စိတ်မကောင်းဖြစ်စွာနဲ့ ညထဲကစာထိုင်ဖတ်နေတာ အခုထိ အိပ်‌မပျော်နိုင်ခဲ့။

"အင်း...ဟင်...ဝါး"

ထိုကောင်လေးကတော့ ပြောချင်ရာပြောပြီးကောင်းကောင်းအိပ်မောကျတယ်ထင်ပါတယ်

"ပုံတိုင်းရေ "

"အင်းရာချီနိုးပြီလား "

"နိုးပြီ ဒီနေ့ဘာအနံ့မှမရပါလား ကျွန်တော့်အတွက် မနက်စာရော "

ဒီလိုမေးတော့မယ်ဆိုတာသိနေပြီလေ။
ညကလည်းစိတ်ကောက်တာလားဘာလားမသိ ထမင်းမစားဘဲ အိပ်ပျော်သွားတာ။
မနက်ကျတော့လည်းအဆင်ပြေသွားတာထင်ပါရဲ့ ချက်ချင်းကို အစားကိုမေးချတာ
သို့ပေမယ့် ဘာမှတော့ချက်မထား။

"ကိုယ်မချက်ရသေးဘူး ကိုယ်တို့အတူတူဈေးသွားကြမလား "

"နေပါအုန်းမင်း "

"အမ်"

ပုံတိုင်းမျက်နှာကိူသူ၏ လက်နှစ်ဖက်နဲ့ သေချာကိုင်ကြည့်ပြီး၍

"ပုံတိုင်း မင်းမအိပ်ရသေးဘူးမလား ဘာလို့လဲ"

"အိပ်မပျော်လို့ စာထိုင်ဖတ်နေတာ မိုးလင်းတာတောင်မသိလိုက်ဘူးလေ"

"မင်းကတော့ကျစ်"

စိတ်ပူအောင်လုပ်နေတာဘဲ အသက်ကြီးပြီး
အိပ်ချိန်ပုံမှန်ရှိရမယ်ဆိုတာကိုမသိတာလား။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now