3(Unicode)

8K 518 41
                                    

ရွာဦးကျာင်းကို ဆွမ်းချိုင့်သွားပို့တာ
ပုံမှန်မဟုတ်ဘဲ အလှအပတွေပြင်သွားတဲ့
နှင်းရည်ကြောင့် ရည်းစားရှိနေပြီလားဆိုတဲ့အထင်နဲ့ ရာချီတစ်ယောက် တကော‌က်ကောက်နဲ့ ညီမနောက်ကိုလိုက်နေရတာအခုထိ..

ဘုန်းဘုန်းကျောင်းကနေ ဆင်းလာတဲ့အထိ
နောက်သစ်ပင်ကနေ ကွယ်ကွယ်ပြီးလိုက်လာတာ လမ်းတစ်ဝက်တောင်ရောက်လို့။

ဒီကောင်မလေးလမ်းလျှောက်တာတောင် တွန့်လိမ်တွန့်လိမ်နဲ့ ငါးရှဉ့်ဆားပတ်ထားတာလားဘဲ။
‌နေပါအုန်း ဒါငါတို့အိမ်ကိုပြန်တဲ့လမ်းမှမဟုတ်ဘဲ။

"ကိုကို ပုံ"

"လန့်တာ နှင်းရည်ရာ "

ကိုကိုပုံတဲ့ဘယ်လိုတောင်ကဗျာမဆန်တဲ့
နာမည်လဲ။

"ကိုကိုပုံကလည်း ဒီလောက်ထိလှတဲ့နှင်းရည်ကိုလန့်.."

"တော်ပြီတော်ပြီမပြောနဲ့တော့ လန့်လည်းမလန့်တော့ဘူး လာရင်းအကြောင်းကိုပြော"

"ဂျီးတော်ကို ပြောခိုင်းဖို့ပါ "

"နှင်းရည်ရာ အမေ့ကိုပြောမှာများအိမ်သွားလေ "

"သွားပါဘူး ကိုကိုပုံဆီဘဲလာတာဟီးဟီး ဂျီးတော်နဲ့စတဲ့ ဖူးစာလေးများလုပ်မလားလို့လေ"

"ပေါက်ကရ "

"ဟင် "

"ထားပါ အကိုနဲ့ပြောစရာမရှိဘူးမလား အကိုလုပ်စရာရှိသေးတယ် "

"အော်ဟုတ်ဟုတ် "

ဂရုမစိုက်ချက်ကတော့လုံးဝဂရုမစိုက်တာဘဲဟူ၍သာ သက်ပျင်းချ၏ အော်ကိုကိုပုံရယ်။

ဒီမြင်ကွင်းကို ဂရုတစိုက်နဲ့ မျက်လုံးမီးတောက်သည်အထိ ကြည့်နေတဲ့ကောင်လေးတစ်ယောက်ကိုတော့ ပုံတိုင်းရော နှင်းရည်ပါသတိမထားမိပေ။

"ငါ့ညီမက ဒီအပေါင်ဆိုင်သားကိုကြိုက်နေတာလား "

ဘာကြောင့်မှန်းမသိ အလိုမကျတဲ့စိတ်တွေနဲ့ သဘောကျမိတဲ့စိတ်တွေကလည်းတစ်ဝက်တစ်ပြတ်စီရောက်လာ၏။
အလိုမကျတာကတော့ နှင်းရည်က သူ့ကိုမှကြိုက်နေတာကို။
သဘောကျတာကတော့ နှင်းရည်သာ သူနဲ့ရရင် ဂျီးတော်ချက်ကျွေးတဲ့ဟင်းကိုငါပါစားရမှာ သို့ပေမယ့် နှမပေးတဲ့အထိတော့ ငါမငတ်လောက်ပါဘူး။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now