15(ZawGyi)

1.5K 43 0
                                    

အော်! အိ! အိ! အွတ်

တကယ့် အိပ်လို့ကောင်းတဲ့အချိန်တွေဆိုကြက်သွန်သံကို တကယ်မုန်းသည်။
ဒီကြက်ကလည်း သူချစ်ရသူ၏ ကြက်ဖြစ်နေ၏ ။

အခုလို ရာချီ့ကိုလက်မောင်းပေါ်တင်ထားတဲ့အချိန်ကခပ်ရှားရှား။

"ရာချီ "

"ဟင်း အိပ်အုန်းမယ်ကွာ "

ရင်ခွင်ထဲတိုးဝှေ့လာတဲ့ ကောင်လေးနဲ့အတူတူ ထပ်အိပ်ချင်သေးသည်။
မနက်စာကလည်းလုပ်ပေးရအုန်းမည်ဖြစ်တာကြောင့် ‌ပါးပြင်ထက်သို့ အနမ်းပေးလိုက်၏
သူဒီအနမ်းကို ခံစားမိရဲ့လားတော့ကိုယ်မသိ။

မနက်စာကတော့ ထွေထွေထူးထူးမလုပ်တော့ပါ ဝက်အချိုချက် လည်း ကျန်သေးတာကြောင့် အိမ်မှာရှိတဲ့ ထမင်းကိုဘဲ ကြော်ပါတော့သည်။

"ကိုကိုကြီးရေ "

အပြင်က အသံကြားတာကြောင့် ပြတင်းပေါက်နေ တစ်ချက်ကြည့်လိုက်တော့ နှင်းရည်ဖြစ်နေတာကြောင့် ရာချီကိုဘဲ သွားနိုးပြီး အထဲကိုဝင်ဖို့ခွင့်ပြုလိုက်၏

"နှင်းရည် အိမ်လာလည်တာလား"

"အဲ့လိုပါဘဲ ကိုကိုကြီးကိုလည်းမတွေ့တာကြာပြီလေ "

"ဟင်းဟင်း အေးပါ အမေရော နေကောင်းတယ်မလား "

"ကောင်းပါတယ် "

ရာချီတို့မောင်နှမ စကားဆုံနေတာကို သိပါသည် ဂရုတောင်စိုက်ဖို့အချိန်မရှိ မီးအားကနည်းနေတော့ ထမင်းကြော်ကသေချာမကျက်သေးတာကြောင့် အခုမှ ကျက်ပြီး ပြင်ဆင်ထားပြီး အပြင်ဘက်ကိုထွက်လာခဲ့ရာ..

"ရာချီ မျက်နှာအရင်သစ်အုန်း "

"အွန်း အခုဆင်းသစ်လိုက်မယ် "

သူ့အကိုထွက်သွားမှ နှင်းရည်တစ်ယောက်ပုံတိုင်းကို မျက်စောင်းထိုးပြီးတော့

"ကိုကိုပုံ!!"

"ဘာလဲ"

"ကိုကိုပုံ နှင်းရည်ကိုလာမခေါ်နဲ့နော် နှင်းရည်စိတ်ဆိုးနေတာ "

တကယ်တော့ သူရှေ့က ဖြတ်သွားတာမို့လို့ နှင်းရည် ပြောလိုက်တာ‌ဆိုပေမယ့်။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now