11(ZawGyi)

2.2K 47 0
                                    

ခရမ်းသီးပင်ဝေဝေဆာဆာလေးနဲ့ ဘူးသီးခြံလေးမှာလဲ ဘူသီးတွေက ဖွဲ့ဖြိုးနေ၏
ငရုတ်သီးနံနံပင်ဗိုလ်စားပဲ ခရမ်းချဉ်သီးပင်
စသည့် အလွယ်တကူခူးလို့ရတဲ့ အပင်ပေါင်းဆုံးနဲ့ ခြံထဲမှာ သူတို့နှစ်ယောက်ကိုကြိုဆိုနေတဲ့အိမ်လေးတစ်လုံး။

"ပုံတိုင်း ဒါက ဘယ်သူ့အိမ် "

"ကိုယ့်အိမ်လေ ဆောက်ထားတာတော့နည်းနည်းကြာပြီ မင်းနဲ့နေ‌ဖို့ပေါ့"

"မင်း မဟုတ်မှ "

"အင်းမင်းထင်သလိုဘဲ ကိုယ်ပြောခဲ့တဲ့အတိုင်း ကိုယ်အားလုံးကိုစွန့်လွှတ်ခဲ့ပြီလို့"

"ကျေးဇူးပါ မင်းကတော့ငါ့အတွက်သက်သက်ကြီးကို စီမံပေးသားဘဲ"

"ပေးရမှာပေါ့ ကိုယ့်ကိုမင်းကပိုင်တယ်လေ
ကိုယ်ရဲ့သခင်လေးစိတ်ချမ်းသာအောင်ကိုယ်ကအားလုံးလုပ်ပေးရမှာပေါ့ "

"မလုပ်ပေးပါနဲ့တော့ ငါပြန်တော့မယ်"

လက်ခံပြီးလိုက်လာခဲ့တယ်ထင်ခဲ့ပေမယ့်အိမ်ရောက်မှ ပြန်မယ်ဆိုပြီးထွက်သွားတဲ့ ရာချီ့ရဲ့အရှေ့တည့်တည့်ကိုရပ်၍

"ရာချီ ဘယ်လိုဖြစ်တာလဲ"

"ပုံတိုင်း ငါအစကအလွယ်တွေးခဲ့ဖူးပေမယ့်
သေချာစဉ်းစားကြည့်တော့ ဒါခလေးကစားနေတာမဟုတ်မှန်းသိလိုက်ရတယ်
မင်းရောငါရော ယောင်္ကျားလေးတွေ
အတူတူမိသားစု ထူထောင်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ မင်းမိဘတွေကိုရောဘယ်လိုရင်ဆိုင်မှာလဲ "

"ကိုယ်မိဘတွေနဲ့ ရင်ဆိုင်မယ်ဆိုရင်ရော မင်းကကိုယ်နဲ့နေမှာလား "

"ပုံတိုင်း..."

"ကိုယ်ပြောခဲ့ပြီးပြီလေ ကိုယ်အားလုံးကိုစွန်းလွှတ်ခဲ့ပြီလို့ အခုသေချာလေးမပြောခဲ့တာဘဲရှိတယ် "

"ပြောလိုက်တော့ လက်မခံရင်ရောမင်းရောငါရော ရွာထဲမှာနမည်ပြတ်မှာမလား "

"လက်မခံလည်း ကိုယ်ဂရုမစိုက်ဘူး
ကိုယ်ကသိစေချင်ရုံမို့ ပြောပြမှာ
ကိုယ်ဘက်တော့ အားလုံးကိုရင်ဆိုင်ပြီးမင်းနဲ့နေဖို့အဆင်သင့်ဖြစ်ပြီ အခုနေဖို့အတွက် အိမ်လည်းရှိတယ် မင်းဝယ်ထားတဲ့လယ်လည်းရှိနေတာဘဲ အတူတူလုပ်ကိုင်စားသောက်ကြရအောင် "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now