4(Unicode)

7.6K 467 26
                                    

ဒီနေ့တော့ အမေ့ကိုအပူမကပ်ချင်တော့ဘဲ
ပုံတိုင်းတစ်ယောက်ကိုယ်တိုင်ဘဲဈေးဝယ်ခဲ့ပြီး ကြက်ပေါင်လေး သုံးပိုင်းလောက်ရယ်ကိုလည်းသေချာမွှန်းပြီးကြော်ပေးနေသေးတာ
အမေကြော်တဲ့နည်းဟန်ဖြစ်သည့် ကြက်သားမုန့်လေးနဲ့ပါ နယ်ထားတာမို့ အနံ့လေးကလည်း တော်တော်ဆွဲဆောင်နေသေးတာ။

ကြက်သားကြိုက်တဲ့ ရာချီအတွက်တော့လုံးဝအဆင်ပြေပြီဖြစ်ပြီ ဒီနေ့လည်း သူနဲ့ဘဲ နေ့လည်စာအတူစားချင်တာမို့ ဆိုင်ပတ်ပတ်လည်မှာလဲ သူလေးရှိနေရင် သိပ်ကောင်းမည်။

အခုလည်း ခေါင်းထဲမှာ ရာချီတစ်ယောက်ကိုသာ ထည့်ထားပြီး စက်ဘီးစီးလာတာ အပေါင်ဆိုင်ရှေ့ရောက်သည်အထိ။

မြင်လိုက်ရတဲ့မြင်ကွင်းက နူတ်ခမ်းတစ်ဖက်ကိုပင့်တင်ပြီးပါပြုံးမိ၏ ထူးထူးခြားခြား ပုဆိုးကိုသေသေသပ်သပ်ဝတ်ထားပြီး
ဆိုင်ရှေ့မာ ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ ရာချီဒွေးတစ်ယောက်။

"ရာချီဘယ်လာတာလဲ "

"ငါ့ဟာငါ အာ "

"...."

ဒီလိုပြတ်ပြတ်ကြီးသွားပြောလို့မရဘူးဘဲ
အခုချိန်မှာ ငါကအောက်က သူ့ကအပေါ်မှာရှိနေတဲ့သူ နည်းနည်းလေးတော့ ကောင်းကောင်းဆက်ဆံနေရမှ..

"ကျွန်တော် မေးစရာရှိလို့ "

ကျွန်တော်ဆိုတဲ့ အသုံးအနူန်းကြောင့် နည်းနည်းတော့ကျေနပ်မိသည် သို့ပေမယ့် ဒါက သွေးရိုးသားရိုးတော့မဟုတ်။
ဒီရာချီဆိုတဲ့ကောင်လေး က အယူရှိမှ အပေးလဲရှိတာ အခုလည်း တစ်ခုခုကို လိုချင်နေပုံရ၏

"အင်းခနလေး ကိုယ်ဆိုင်ဖွင့်လိုက်အုန်းမယ် "

ဆိုင်တံခါးအဝတွေကိုဖွင့်လိုက်တော့
တစ်ခုချင်းလိုက်ကြည့်ပြီးမှ
ဖွင့်ပြီးတော့ အထဲကိုလည်း ခွင့်ပြုချက်မရဘဲဝင်သွား‌တာများ တဇွတ်ထိုးသမား ရာချီဒွေးပီသပါသည်လေ။

"ရပြီမေးတော့ ကိုယ်အားပြီ "

"ဟို ဟိုလာလေးသိချင်တာ "

"ပြောပါကွာဘယ်တုန်းက ဒီလိုပုံစံနဲ့ဖြစ်နေဖူးလို့လဲ "

"ဒါဆို ကျွန်တော်မေးမယ်နော် "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now