16(Unicode)

5.1K 308 5
                                    

ပြဿနာဖြစ်တဲ့နေထဲက ရာချီနဲ့စကားမပြောဖြစ်ပေ။စိတ်ဆိုးစိတ်ကောက်သလိုမဟုတ်ပေမယ့် ကိုယ်ကလည်းအပေါင်ဆိုင်ဆောက်နေလို့မအားသူကလည်း လယ်ထဲဆင်းနေရလို့မအားတာကြောင့်ပင်။

အခုတော့ အမေပြောစရာရှိတယ်ဆိုတော့ ထွက်လာတာ ရွာလယ်သို့ထွက်လာခဲ့၏

"အကိုပုံတိုင်း"

အနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့

"အာ ကျန်စစ်ညီလေး "

"အကို့ကို ကျွန်တော်ပြောစရာရှိတယ် အချိန်ရလား "

"အကို အိမ်ပြန်ရမှာမို့ ထားလိုက်ပါတော့ ဘာပြောစရာရှိနေလို့လဲ "

"တစ်နေရာမှာ ထိုင်ပြောကြမလား "

"ဟုတ်ပြီ "

နှစ်ယောက်ဦးတည်သွားတဲ့ နေရာက ရွာထဲက ညောင်ပင်ရဲ့ အရိပ်ဆီသို့..

"ပြောတော့ ကျန်စစ် ဘာပြောမှာလဲ"

"အကို့ကို ရာချီက ချစ်နေတယ်ထင်နေတာလား"

"အကိုမသိဘူး "

"အဟက် သူက အကို့ကို က‌စားခဲ့ရုံဘဲ ကျွန်တော့်ကိုနိုင်ချင်လို့အကို့ဆီကို တမင်ကိုချဉ်းကပ်လာခဲ့တာ "

ရုတ်တရက်ပုံတိုင်းကမသိမသာရီလိုက်တာ‌ကို ကျန်စစ်သတိထားမိလိုက်၏

"အဟက် ကျေးဇူးတင်စရာဘဲ"

"ဘယ်လို "

"အကို့ဆီကို ဒီလိုချဉ်းကပ်ပေးတာတောင် အကိုက ကျေနပ်နေပါပြီ ပြီးတော့ ရာချီရဲ့ခြေလှမ်းတွေက ရပ်တန့်ခဲ့တယ် ကိုယ်က အရှေ့ကို တိုးပေးခဲ့တာလေ "

"ဗျာ..."

ပုံတိုင်းက ကျန်စစ်ရဲ့ ပုခုံးနှဖက်ကို ကိုင်ထား၍

"ကျန်စစ် အကိုပြောပြမယ် "

"..."

"ရာချီက ဘာလို့ရုတ်တရက် အကိုနဲ့ နီးကပ်လာခဲ့လဲ မင်းနဲ့ ဘယ်လိုဖြစ်ခဲ့လည်းမသိပေမယ့် သူကသူ့အဖေရဲ့နွံထဲကလွတ်မြောက်ချင်ခဲ့တာ‌တော့အမှန်ဘဲအကိုကလည်း အခွင့်အရေးပေးလိုက်ရုံဘဲ "

"..."

"ရာချီအကို့ကိုမကြိုက်ခဲ့မှန်းလည်းအကိုသိတယ် အခုသူ့အကို့ကိုချစ်မိနေတာကိုလည်းအကိုရိပ်မိတယ် ရာချီကအကို့ကို ဘယ်လိုသဘောနဲ့ ချဉ်းကပ် ချဉ်းကပ် အကိုကတော့ ရာချီဖြစ်နေလို့ကို ချစ်နေပေးချင်တယ် "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now