အချိန်အားဖြင့် 9နာရီတောင်ကျော်လွန်နေလို့ ဒီအချိန်ဆို နေဖင်ထိုးနေပြီဖြစ်၏
အိမ်မှာမနေလို့ပိုတောင်ကောင်းသေး
ဒီအချိန်ဆိုလာနိုးမယ့်အဖေလည်းမရှိသလို ဆူညံဆူညံပြောမယ့် အဖေလည်းရှိမနေပါ။အိပ်လို့ကောင်းခြင်းရဲ့ရလဒ်က ဇက်ကြောတက်ခြင်းဖြစ်လိမ့်မည် ဒါတောင် ရင်ခွင်ထဲမှာ အိပ်ပျော်နေလို့။
"ရာချီ နိုးပြီလား "
"အင်းနိုးပြီ "
"မျက်နှာသွားသစ်လိုက် ကိုယ်မနက်စာ ပြင်ထားတယ် "
"ဟုတ်ပြီလေ "
ညဆိုလည်းရင်ခွင်ထဲမှာ ခေါင်းပုတ်ပြီးချော့သိပ်ခံရ မနက်ဆိုလည်း ထချင်တဲ့ချိန်မှ ထရ။ မနက်စာအဆင်သင့်ပြင်ပေးတဲ့ မိန်းမ အာမဟုတ်ဘူး ယောင်္ကျားရှိနေတာဘဲ။ လင်ယူတာတော်တော်ကောင်းတာဘဲ။
ဒီနေ့ ရာချီ့ရဲ့ မနက်ခင်လေးက အလွန်ပင်ကျက်သရေရှိနေ၏
"ဒီနေ့ရဲ့ မနက်စာက ဘာများလဲ "
"မင်းကြိုက်လားမကြိုက်လားမသိပေမယ့်ကိုယ်အုန်းနို့ခေါက်ဆွဲချက်ထားပေးတယ်"
"ဟင် ..ကိုယ်တိုင်ချက်တယ်ဟုတ်လား"
"အင်း"
အုန်းနို့ခေါက်ဆွဲကိုတောင်ကိုယ်တိုင်ချက်ကျွေးတာဆိုတာကြောင့် အံဩပြီး အိုးဖုံးလေးကိုဖွင့်ကြည့်လိုက်တော့ ထွက်ပေါ်
လာတဲ့ အငွေ့အသက်က သိပ်ကိုမွှေးလွှန်းနေသည်။"မင်းဘယ်အချိန်ထချက်တာ "
စားဖို့အတွက်ပြင်ပေးနေတဲ့ သူ့ရှေ့ကလူကို သေချာကြည့်နေပြီးမှမေးလိုက်၏
"မနက်ကလေ မင်းဆိုင်ကချက်တဲ့ဟာဆိုမကြိုက်မှာဆိုးလို့ ကိုယ့်ဘာသာချက်လိုက်တာ"
"နောက်ခါ မချက်ပါနဲ့ဝယ်စားလဲအဆင်ပြေပါတယ် ဒီလိုဟာတွေချက်တာ ပင်ပန်းတာကို"
"အထွန့်မတက်နဲ့လေကွာ စားစရာရှိတာစားမှပေါ့ "
"ဘာကွ!မင်းငါ့ကို အာဏာလာပြနေတာလား"
"ကိုယ်ပြောတာက "
"ထားလိုက်တော့ စားမယ်ပေးပေး "
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။