ရွာထဲက အပင်အောက်များဟာ နှင်းရည်အတွက် အနားခိုစရာဆိုလည်းမှန်လိမ့်မည်
စိတ်ပျက်လည်း ဒီလာ စိတ်ပျော်လည်း ဒီဘဲလာနေခဲ့မိတာ..."နှင်းရည် ဒီမှာဘာထိုင်လုပ်နေတာလဲ"
မေးခွန်းနဲ့အတူ သူ့ဘေးမှာ လာထိုင်တဲ့ကိုကိုကြီး။
"ကိုကိုကြီး နှင်းရည်ပြောစရာရှိတယ် "
"ဘာပြောမှာတုန်း "
"ဆရာမ ဧကရီက ထူးဆန်းနေတယ် "
"အဲ့ထက်ထူးဆန်းတာက ကျန်စစ်ကိုပြဿနာရှာတဲ့ဆရာမက ပိုထူးဆန်းတာ"
"သူကဘာဖြစ်လို့ "
"မသိတော့ဘူးဟာ ငါမြင်မိနေတာတွေရှိနေတာ ထားပါ ဟိုဆရာမ ဧကရီကဘာကြောင့်
ထူးဆန်းလဲသာပြောပါအုန်း ""ဟိုနေ့က ကိုကိုကြီးပေးတဲ့ဂေါ်ဖီလေ ဆရာမဆီကို သွားကြော်ပေးတုန်းက နှင်းရည်ကို မြတ်နိုးရာ မြတ်နိုးရာလို့အော်ခေါ်ပြီး မောင်းထုတ်တယ်"
"ဘယ်လို "
"ဟုတ်တယ် နှင်းရည်ကိုမောင်းထုတ်တယ်
ငိုလဲနေတယ် ""သူမောင်းထုတ်တာ မထုတ်တာ ငါမမေးဘူး
ငါပေးတဲ့ဂေါ်ဖီက ဘာလို့ အဲ့ဆရာမကိုသွားကြော်ပေးရတာဘဲ ငါအိမ်အတွက်ပေးလိုက်တာလေ "နှင်းရည်ထိုမှ ဒီစကားပြောမိမှန်း သတိထားမိ၏ သူမသိအောင်ဖုံးကွယ်ပါသည်ဆိုမှ အခုလိုပြောရင် ကိုကိုကြီးဒေါသထွက်သွားနိုင်သည်။
"အဲ့ အဲ့တာက "
"ဘာလဲ အဖေက လက်မခံလို့လား"
"အင်း အဖေက ကိုကိုကြီးနဲ့ပတ်သတ်လို့တဲ့လက်မခံဘူး "
"အာ.."
"တောင်းပန်ပါတယ် မပြောမိတာ "
"ထားလိုက် "
"ဟမ် ဟိုမှာ သာလှနဲ့ အကိုကျန်စစ်ပါလား"
နှင်းရည်ရဲ့ ညွန်းရာကို မော့ကြည့်ပြီးတော့မျက်စောင်းတစ်ချက်သာထိုးကြည့်လိုက်၏
ဒီလိုကောင်မျိုးကို ဘာလို့ ဟိုဒေါက်တာကြိုက်နေရတာလဲ ကန်းနေလို့ဘဲနေမှာ။"သာလှ! အကိုကျန်စစ် နင်တို့တွေ တစ်ပူးပူးတစ်တွဲတွဲနဲ့နော် ကြိုက်နေတာလား "
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။