21(Unicode)

4.5K 299 43
                                    

ထို အခြေအနေမှာ အတင်းလွှတ်ဖယ်နေပေမယ့် ပုံတိုင်းကလည်း မြင်နေကျပုံစံနဲ့ မဟုတ်ပေ။

ပြွတ်စ်!!!!

"အာ့ ဖယ် ခင်များ! "

ပြွတ်စ်!!!!

ဒီတစ်ခါ သူရုန်းနိုင်ဖို့ အားမရှိဘဲ ပြန်လုပ်ဖို့လဲ အားမရှိတာကြောင့် သူပြုသမျှခံနေရ၏
ဒါကလဲ ခံစားချက်က ကောင်းနေတာကြောင့်

အခုချိန်မှာ ရှင်းပြတာကိုမကြားချင်တော့ဘဲ သူလုပ်တာဘဲခံချင်နေသည် ဒီခံစားချက်ကလည်းခံဖူးတဲ့သူဘဲသိနေမှာလေ။

"ကိုယ်မလုပ်ခဲ့ဘူး"

စကားမပြောဘဲ ပြီးတဲ့အထိလုပ်ပေးရင် သိပ်ကောင်းမည် ။

"ရာချီ ကိုယ့်ကို ကြည့်ပါအုန်း "

မကြည့်ချင်ဘူး အနမ်းဘဲခံချင်တာလို့ ခင်များကအရိပ်အကဲမသိတော့ ကျုပ်ကနှာဘူးဖြစ်နေရပြီ ။

"ရာချီ.."

ကဲဒီလောက်ထိ ခေါ်ချင်နေတဲ့ကောင် လုပ်ရတာ ဖီးလ်ပျက်တယ်။

"ဖယ်တော့ "

"...."

"ဖယ်လို့ !!!"

"အာ့ "

"ခင်များ ဘာဖြစ်တာလဲ"

အနမ်းတွေမပြတ်သေးဘဲ ရုတ်တရက် ယိုင်ကျသွားပုံတိုင်း ကြောင့် ရာချီ စိတ်ပူကာ

"ပုံတိုင်း ပုံတိုင်း!"

"ရတယ် ကိုယ်ဘာမှမဖြစ်ဘူး "

"ခင်များအဖျားမကျသေးဘူးလား"

ဘုတ်!! (လဲကျသည့်အသံ)

"ပုံတိုင်း!"

"ပုံတိုင်းဆောင် !!"

"တိုင်း!"

"အစ်ကို .."

ခေါ်နေကျ ‌နမည်တွေနဲ့ မျိုးစုံခေါ်ပေမယ့် ထူးဖို့တောင် အားမရှိတော့တဲ့ပုံတိုင်းကတော့ ကြမ်းပြင်ပေါ်၌ အိပ်စက်သွားရ၏
အော်ခေါ်နေတဲ့ သူကတော့ စိုးရိပ်ပူပန်စိတ်တွေကြီးလွန်းနေပြီး မျက်ရည်တွေကျနေတာကြောင့် ပုံတိုင်းရဲ့ အင်္ကျီ၌ထိုမျက်ရည်စလေးတွေကလည်း ဖုံးလွှမ်းသွားရ၏။

<><><>

"အာ....အင်းဟင်း"

"လူနာ မင်း သတိရပြီလား "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now