အပိုင်း ( 1774 ) ပေါင်းစည်းသွားခြင်း

222 15 0
                                    

အပိုင်း ( 1774 ) ပေါင်းစည်းသွားခြင်း။

ဒီအရာအားလုံးက ပဟေဋိဆန်လွန်းလှပါတယ်။

ချူးယွန်က နင်ကျန်းလီ နိုးလာပြီးနောက် ဒီအရာတွေကို မေးမြန်းကြည့်ချင်ခဲ့တာပါ။

ချူးယွန်ဟာ နင်ကျန်းလီအပေါ်မှာ ကောင်းမွန်တဲ့အမြင် မရှိပေမဲ့ မမုန်းဘူးလို့ ပြောလို့ရပါတယ်။

သူက ပြင်ပမိစ္ဆာဖြစ်ပေမဲ့ သူ့ရဲ့ စရိုက်လက္ခဏာကတော့ အခြား ပြင်ပမိစ္ဆာတွေနဲ့ မတူပါဘူး။ သူက သူအလိုရှိတာကိုလုပ်ပြီး ရက်စက်ပေမဲ့ အခြားသူတွေနဲ့ သိသိသာသာ ခြားနားတယ်။

ဒီအချိန်မှာ တာ့လင်က နင်ကျန်းလီရဲ့ ခန္ဓာကိုယ်ကို သေသေချာချာ ကြည့်ရှုနေပါတယ်။ သူ့မျက်လုံးမှာတော့ တောင့်တမှုတွေ ရှိနေလို့ပါ။

ဒါက ငရဲနက်မိစ္ဆာဓားအပြင် တခြားအကြောင်းတွေလည်း ရှိပါတယ်။

"ငါနဲ့ သူ့ရဲ့ကြားမှာ ဆက်စပ်မှုတွေ ရှိနေတယ်လို့ အမြဲခံစားရတယ်။ အချိန်အတော်ကြာ ကွဲကွာသွားခဲ့တဲ့ ဆွေမျိုးတွေ ရုတ်တရက် ပြန်ဆုံသွားသလို ဒီခံစားချက်က အရမ်းထူးဆန်းတယ်လေ။ ဒါက ရယ်စရာတော့ကောင်းတယ်။ ငါနဲ့ ပြင်ပမိစ္ဆာကြား ဘယ်လိုလုပ်ပြီး ဆက်စပ်နိုင်မှာလဲ"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တာ့လင်က ပြောလိုက်ပါတယ်။

"မင်းတို့နှစ်ယောက်က..."
ချူးယွန်က တာ့လင်ကို တစ်ချက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။
"ရုပ်ရည်၊ စိတ်နေစိတ်ထားနဲ့ ပေါင်တံသွယ်သွယ်... အိမ်း၊ မင်းတို့က တကယ်တူတာပဲ"

ဒါပေမဲ့လည်း တာ့လင်က ဒီတစ်ကြိမ်မှာ စိတ်မဆိုးဘဲ လေးလေးနက်နက် ရေရွတ်ပြောဆိုလိုက်ပါတယ်။
"ဒါက တကယ်ရင်းနှီးတဲ့ ခံစားချက်ပါ။ ငါက သူနဲ့ ပေါင်းစည်းပြီးတော့ သူ ဖြစ်လာတော့မလို ငါ့နှလုံးသားထဲကနေ ခံစားနေခဲ့ရတယ်"

"ဟားဟားဟား"
ချူးယွန်က ရယ်မောပြီးတော့ ပြောလိုက်တယ်။
"ငါ့ကို လာနောက်မနေစမ်းပါနဲ့။ မင်းက လက်နက်ဝိညာဉ်၊ သူက ပြင်ပမိစ္ဆာ... မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ပေါင်းစည်း…"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅जहाँ कहानियाँ रहती हैं। अभी खोजें