အပိုင်း ( 1850 )
"ဒီတစ်ခေါက် ငါတို့ အတော်ရလိုက်ကြတာပဲ။ ငါတို့မုန်တိုင်းအဖွဲ့ နတ်ဆိုးသားရဲတွေအများကြီးကို သတ်နိုင်ခဲ့တာက ညီလေးချူးယွန်ရဲ့ ပူးပေါင်းမှုကြောင့်လည်း ပါဝင်တယ်။ ဟားဟားဟား၊ ဒီတစ်ခါတော့ ငါတို့ ချမ်းတာပဲ"
ချန်ကျူက စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်မောလိုက်ပါတယ်။သူ့စိတ်ထဲမှာ မောက်မင်နဲ့အတူ အရက်ကောင်းကောင်းသောက်ဖို့တောင် ဆန္ဒရှိနေခဲ့ပါပြီ။
မင်းငါ့ကိုမိတ်ဆက်ပေးတဲ့ကောင်လေးက ကြမ်းလွန်းတယ်။
ဒီတစ်ခေါက် အမဲလိုက်ထွက်ရာမှာ သူတို့အတွက် အသေအပျောက် မရှိသလောက်ပါပဲ။
သူတို့လူစုက ချီဟန်သစ်တောရဲ့ အပြင်ဘက်အစွန်းမှာ စခန်းချလိုက်ကြပါတယ်။ မီးပုံဖိုပြီးနောက် သားရဲအသားတွေကို မီးကင်ကာ ဝိုင်းဖွဲ့ စားသောက်လိုက်ပါပြီ။
ဒီတစ်ခေါက် နတ်ဆိုးသားရဲ အမိုက်လိုက်ခရီးစဉ်က ပြီးသွားပြီလို့ ဆိုလို့ရပါတယ်။
သူတို့ ပြန်လာပြီးလို့ ဒီသားရဲတွေကို ရောင်းချလိုက်ရင် ငွေ အတော်လေးရမှာပါ။
ချန်ကျူလည်း အရက်အိုးတွေကို ရှေ့မှာစီကာ အားပါးတရ သောက်စားနေခဲ့ပါပြီ။
ချူးယွန်ကတော့ အမူအရာ သိပ်ပြီးမပြောင်းလဲဘဲ ထိုင်နေခဲ့ပါတယ်။ သူနဲ့ အရက်လာသောက်သူတွေကို မငြင်းဆန်ပေမဲ့ အရက်သောက်ပြီးနောက် ပြောစရာစကားသိပ်မရှိတာကြောင့် ချူးယွန်ကို ဆက်မနှောင့်ယှက်တော့ပါဘူး။
ဒီအချိန်မှာ အရက်မူးစပြုနေတဲ့ ကျူဟုန်ရှန်းက ချူးယွန်ရဲ့လည်ပင်းကို သိုင်းဖက်ပြီးတော့ ဘေးမှာဝင်ထိုင်လိုက်ပါတယ်။
"ကောင်လေး၊ နင်က ငါ့အသက်ကို ကယ်လိုက်တာပဲ၊ ငါ နင့်ကို ဘယ်လို ကျေးဇူးဆပ်စေချင်လဲ"ချူးယွန်က အူလည်လည်နဲ့ လှည့်ကြည့်ပြီးတော့ ပြောလိုက်တယ်။
"ငါတို့ကြားမှာ အကြွေးမရှိတော့ဘူးလို့ နင်မပြောဘူးလား"ဒါကိုကြားတော့ ကျူဟုန်ရှန်း ဒေါသတကြီး ဖြစ်သွားခဲ့ပါတယ်။
"ဘာအပိုစကားတွေ ပြောနေတာလဲ။ နင်လိုချင်တာရှိရင် ပြန်တောင်းလို့ရတယ်၊ ပြောစမ်း... ပြောလိုက်စမ်း"
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...