အပိုင်း ( 1833 )အချစ်ဆိုတာ ဘာမှန်းတောင် မင်းသိရဲ့လား

128 13 0
                                    

အပိုင်း ( 1833 )

ချူးယွန်ဟာ ဒီမူပုလီက မူတုနဲ့ ဖုန်းယင်တို့ရဲ့ သားဖြစ်ကြောင်း သဘာဝအတိုင်း မှတ်မိနိုင်ပါတယ်။ သူ့အဖေနဲ့ အမေရဲ့ အားသာချက်တွေကို အမွေဆက်ခံထားနိုင်သူအနေနဲ့ ဒီကောင်လေးက ငယ်ငယ်ကတည်းက ကြောက်စရာကောင်းတဲ့ အလားအလာကို ပြသခဲ့တာပါ။ နောက်ပိုင်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းတော့လည်း သူ့မှာ အတားအဆီးတို့ မရှိခဲ့ပါဘူး။

"ဦးလေးချူး"
မူပုလီလည်း ရိုသေလေးစားတဲ့ အမူအရာနဲ့ ရှေ့ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့အတွက် ချူးယွန်ဟာ အဆုံးမဲ့ကြယ်ရောင်ကောင်းကင်ကြီးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းပါပဲ။ နောက်ပြီးတော့ သူဟာ ကြယ်လေးပွင့်ကောင်းကင်မှာ အစွမ်းထက်ဆုံး တည်ရှိမှုလည်း ဖြစ်နေခဲ့တာပါ။

ဒါကြောင့် သူ့ကိုမြင်ရတာဟာ အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးနဲ့ ဆုံရသလိုပါပဲ။ ဒါအပြင် သူ့ရဲ့ နှလုံးသားမှာလည်း မျှော်လင့်ချက်တို့ ပေါ်လာစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ပေါ့ပေါ့တန်တန် လမ်းညွှန်မှုကတောင် သူ့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေနိုင်လို့ပါ။

ချူးယွန်က အနည်းငယ်ပြုံးပြီး လက်ကိုဝှေ့ယမ်းလိုက်တာနဲ့ အစွမ်းထက် စွမ်းအင်အတက်အကျတွေ ထွက်ပေါ်နေတဲ့ ဝိညာဉ်လက်နက်တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီဝိညာဉ်လက်နက်က ချူးယွန်ကိုယ်တိုင် သန့်စင်ထားတာပါ။ စည်းမျဉ်းအားလုံးကို ထိန်းချုပ်ထားတဲ့ ချူးယွန်အတွက်တော့ ဝိညာဉ်လက်နက် သန့်စင်ဖို့ဆိုတာ အလွန်ရိုးရှင်းတယ်။ သူ့အတွက် လုံးဝ မခက်ခဲပါဘူး။

"မင်း သူ့ကို တကယ်ပဲ ဒီလိုလက်ဆောင်ကြီး ပေးပစ်လိုက်တယ်လား။ မင်းရဲ့တူလေးသာ ထိန်းချုပ်နိုင်ရင် ငါ မစိုးရိမ်တော့ဘူး"
မူတုက နှုတ်ခမ်းကို တွန့်ကွေးပြီး ဆက်ပြောလိုက်ပါတယ်။
"သူ့ရဲ့ လက်ရှိနယ်ပယ်နဲ့ စိတ်ရှည်သည်းခံမှု ရှိသေးတာမဟုတ်ဘူး။ ငါတို့က ဒီလောက်ထိအစွမ်းထက်တဲ့ ဝိညာဉ်လက်နက်ကို ပေးလိုက်ရင်တောင် သူဘာလုပ်နိုင်မှာလဲ။ သူ့အတွက် အသုံးဝင်မဲ့ တစ်ခုခုကို ပေးလိုက်တာက‌မှ ပိုကောင်းဦးမယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now