အပိုင်း ( 1819 )ဒါက ရိုးရိုးလေးပဲ

112 13 0
                                    

အပိုင်း ( 1819 )

ချူးယွန်က နင်ကျန်းလီကို စွမ်းအင်နဲ့လွှမ်းခြုံပြီး ဖိအားတွေ ကူညီချေဖျက်ပေးလိုက်ပါတယ်။ ဒါက ဖိအားတွေကို လုံးလုံးလျားလျား မပျောက်ကွယ်စေပေမဲ့ အတော်အ‌တန် အသက်ရှူချောင်သွားခဲ့ပါပြီ။

"ဒီနေရာမှာ ဖိအားတွေက အရမ်းများတယ်၊ လူတွေ လိုက်လျောညီထွေရှိဖို့ အင်မတန်ခက်လိမ့်မယ်"
နင်ကျန်းလီ အသက်ပြင်းပြင်းရှူလိုက်ပါတယ်။ ဒီအခြေအနေကို မမျှော်လင့်ထားဟန်နဲ့ လှပတဲ့ သူ့မျက်လုံးထဲမှာ တုန်လှုပ်မှုတို့ ပေါ်လာခဲ့တယ်။

ဒါက ဘယ်လိုကမ္ဘာမျိုးလဲ။

ကမ္ဘာမြေဆွဲအားက အမှန်တကယ် ဒီအဆင့်ကို ရောက်နေတယ်။

"ဒီနေရာမှာ သဘာဝသွမ်းအင်နဲ့ ဖိအားက အရမ်းအားကောင်းတာကြောင့် လူသာမန်တွေတော့ နေနိုင်ကြမှာ မဟုတ်ဘူး။ ဒီလိုပတ်ဝန်းကျင်မှာ နေနိုင်မယ်ဆိုရင် ကြမ်းကြုတ်တဲ့ သတ္တဝါတွေပဲ ဖြစ်လိမ့်မယ်"
ချူးယွန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပါတယ်။

"သတ္တဝါတွေ ရှိရိုးမှန်ရင် ကြောက်စရာကောင်းသလို ပါးနပ်ကြမှာ အသေအချာပဲ၊ ငါတို့ သတိပေါ့လို့မဖြစ်ဘူး"
နင်ကျန်းလီကလည်း ရေမြောင်းထဲမှာ မနစ်မြှုပ်အောင် သတိပေးလိုက်ပါတယ်။

ချူးယွန် ခေါင်းညိတ်လိုက်ပါပြီ။

"လာ၊ နောက်ထပ် ဘာရှိဦးမလဲဆိုတာ အရင် စူးစမ်းကြည့်ရအောင်။ ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီးတွေတောင် ဒီကမ္ဘာကို ဝင်လာတဲ့အခါ ရူးသွပ်ရတယ်တဲ့။ ဒါက စိတ်ရှုပ်ထွေးစရာပဲ။ ဒီနေရာမှာ မကောင်းတဲ့ စွမ်းအင်နဲ့ အငွေ့အသက်တွေက သိပ်ပြီး မပြင်းထန်သေးဘူးလေ။ ငါတို့ ပိုပြီး ဝင်ကြည့်ရအောင်"
ချူးယွန်က လေးလေးနက်နက် စဉ်းစားရင်း‌ ပြောလိုက်ပါတယ်။

အဆုံးမဲ့ကြယ်ကောင်းကင်မှာ ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီးတွေက အထွတ်အထိပ်ပါပဲ။

တကယ်လို့ တန်းချုံကျန်းသာ ကပ်ဘေးဖြတ်ကျော်ခြင်း ခုနစ်ခုကို ရှာမတွေ့ခဲ့ဘူးဆိုရင် အခုချိန်ထိ ကျူဝမ်ငါးဆယ်က အသန်မာဆုံးဖြစ်နေဦးမှာပါပဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now