အပိုင်း ( 1841 ) အချိန်စီးဆင်းမှု

118 7 0
                                    

အပိုင်း ( 1841 )

တန်းဇီရှမ်း ဝမ်းနည်းလာတာကြောင့် သူဟာ ဆက်မဖျက်ဆီးဘဲ လက်ညိုးတစ်ချက်ညွှန်လိုက်တယ်။ ဒီအခါမှာတော့ တိုက်ကြီးတစ်ခုလုံးက အရင်ပုံစံအတိုင်း အပြောင်းအလဲမရှိဘဲ ပြန်လည်ရောက်ရှိသွားပါတော့တယ်။

သေဆုံးသွားတဲ့ သတ္တဝါတွေတောင် ပြန်လည် ရှင်သန်လာခဲ့ကြပါတယ်။

သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်ဟန်နဲ့ ပြန်ကြည့်လိုက်ကြတယ်။

ငါမသဘေူးလား။

ချက်ချင်းပဲ သက်ရှိသတ္တဝါများစွာဟာ ဒူးထောက်ပြီး အသံကျယ်ကျယ်နဲ့‌ အော်ဟစ်လိုက်ပါတယ်။
"ကာကွယ်ပေးတဲ့အတွက် နတ်ဘုရားအရှင်ကို ကျေးဇူးတင်ပါတယ်။ ကာကွယ်ပေးတဲ့အတွက် နတ်ဘုရားအရှင်ကို ကျေးဇူးတင်ပါတယ်"

"မင်းမြင်တယ် မဟုတ်လား၊ ဒါက ငါ့လက်ညိုးတစ်ချက်နဲ့ တိမ်တွေကိုဖန်တီးပြီး မိုးကိုရွာသွန်းစေတာပဲ"
ချူးယွန်က ပြုံးပြီး ပြောလိုက်တယ်။
"သူတို့ကို ငါ ဖန်တီးခဲ့တာ၊ ဒါကြောင့် ငါတကယ်သတ်ခဲ့ရင်တောင် ငါ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုမှ မရှိဘူး။ ငါသတ်လိုက်တာကို မင်းနားလည်နိုင်ရမယ်၊ ငါလုံးဝဂရုမစိုက်ဘူး၊ ပုရွက်ဆိတ်ဘယ်နှစ်ကောင်ပဲ သေသွားပါစေ၊ မင်းလည်း ဂရုစိုက်စရာမလိုဘူး"

"ဒါဆို အဲဒီအင်မော်တယ်တွေကလည်း ငါတို့ဘဝတွေကို ဂရုမစိုက်ဘူး မဟုတ်လား"
တန်းဇီရှမ်း သူ့ဘာသာသူရေရွတ်ရင်း ချူးယွန် ပြောချင်တာကို နားလည်လာခဲ့ပါတယ်။

သူ့ကို ဘာဖြစ်လို့ ဒီကို ခေါ်လာရတာလဲ၊ သူ့ရှေ့မှာ အရာအားလုံးကို သရုပ်ပြခဲ့တာ ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ ဒီရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကို သူမ နားလည်လက်ခံနိုင်စေဖို့ပါ။

သူက ဘာဖြစ်လို့ အထက်ကိုတက်မှာလဲ။ သူမတက်ရင်လည်း ရတယ်။

ဒါပေမဲ့ သေချာတာက...

သူမကြိုးစားရင် အင်မော်တယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ မသိလိုက်ခင်မှာဘဲ သေသွားလိမ့်မယ်။

ဒါကြောင့်ပဲ ချူးယွန် ကြိုးကြိုးစားစား လေ့ကျင့်နေရသေးတာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now